
နေပြည်တော် ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့ တို့အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ သုခကာရီဓမ္မအလင်းရောင် အသင်းဝင်များ စုစုပေါင်း ၂၁၉ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း ရှိ ကျောက်စိမ်းရုပ်ပွားတော်များအား ဖူးမြော် ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး၏ အတွင်း ပိုင်းရှိ ဗုဒ္ဓဘုရားရှင်၏ ဖွား၊ ပွင့်၊ ဟော၊ စံ အစရှိသည့် ဗုဒ္ဓပန်းချီကားများကို စကျင်ကျောက်သားဖြင့် ပုံဖော်ထားရှိမှုနှင့် လိုဏ်မျက်နှာကြက်တွင် သစ္စာ လေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ၂၄ ပစ္စည်းတို့ကို ကြေး ပန်းတဉ်း၊ ရွှေဇဝါယွန်းတို့ဖြင့် သွန်းလုပ်ပူဇော်ထားရှိမှု များကို လေ့လာကြည့်ရှုကြပြီး စေတီတော် ပရိဝုဏ် အရှေ့မြောက်ထောင့်ရှိ ဘုံခုနစ်ဆင့်ပါရှိသောဂန္ဓကုဋိ ကျောင်းဆောင်တော်အတွင်းရှိ မဟာဆုတောင်း ပြည့် ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များ သည် စေတီတော်အရှေ့ဘက်မုခ်ရှိ ရတနာ ဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် သို့ သွားရောက်ပြီး ၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” နှင့် ဆင်ဖြူတော် များကို အစားအစာများ ကျွေးမွေးကြသည်။
ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များ သည် “နိုင်ငံတော်၏ လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်ဆောက် ကြိုးပမ်းမှုသမိုင်း၌ နိုင်ငံတော်အတွက် အသက်ကို စွန့်လွှတ်၍ မှန်ကန်ရဲဝံ့စွာ ဆောင်ရွက်ခဲ့သည့် သူရဲကောင်းတို့၏ ကွန်းခိုရာဗိမာန်ဖြစ်သည်” သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေပြီးသော တပ်မတော်သားသူရဲကောင်း များကို ဂါရဝပြု အလေးပြုကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
သတင်းစဉ်