
ရန်ကုန် ဇန်နဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (တတိယနေ့)ကို ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ဆက်လက်ကျင်းပခဲ့ရာ သုတေသနစာတမ်းရှင် များက အခြေခံသုတေသနစာတမ်း၊ အသုံးချ သုတေသနစာတမ်း၊ ကျန်းမာရေးစနစ်သုတေသန စာတမ်း စုစုပေါင်း ၃၃ စောင်ကို ဖတ်ကြားတင်ပြ ခဲ့ကြသည်။
မေးမြန်းဆွေးနွေးအကြံပြု
နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ လှလှဝင်း၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာပပစိုး၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာရှင်နောင်းလွင်၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တင်ဦး၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူတို့က ဆောင်ရွက်၍ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးသိန်းလှိုင်က “ပြည်ခရိုင်၏ အခြေခံအဆင့် ပြည်သူ့ကျန်းမာရေး ဌာနများတွင် ဆေးဝါးနှင့်ဆေးပစ္စည်းထောက်ပံ့မှု စီမံခန့်ခွဲမှုဆိုင်ရာအခြေအနေများအား လေ့လာဆန်းစစ် ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ပေါင်းတည်မြို့နယ် ကျန်းမာရေးမှူးအဆင့် (၁)ဦးထွန်းဝင်းလတ်က “မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ ပြည်သူလူထုအခြေပြု ကျန်းမာရေး စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်အပေါ် လွှမ်းမိုးသည့်အချက်များအား ဖော်ထုတ်လေ့လာ ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ သူနာပြု သင်တန်းကျောင်းမှ သရုပ်ပြဒေါ်သက်သက်ထွန်းက “ကင်ဆာဆေးသွင်းနေသော ရင်သားကင်ဆာလူနာ များ၏ မောပန်းနွမ်းနယ်ခြင်း၊ နေ့စဉ်လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းနှင့် ဘဝအရည် အသွေးဆက်နွှယ်မှုကိုလေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ သရုပ်ပြ ဒေါ်ဖြူနှင်းဖွေးက “ကရင်လူမျိုး များ၏ ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းတွင် လွှမ်းမိုးနေသော ရိုးရာဓလေ့ယုံကြည်မှုများနှင့် လုပ်ဆောင်မှုများ” သုတေသနစာတမ်းကို လည်း ကောင်း၊ မိခင်နှင့် ကလေးကျောင်းကျန်းမာရေး(ချမ်းမြသာစည်) မှ ဦးစီးအရာရှိ ဒေါ်သဲနုအောင်က “မိတ္ထီလာခရိုင်ဆေးရုံကြီးရှိ သူနာပြုများ၏ အသက် မွေးဝမ်းကျောင်းအပေါ်တန်ဖိုးထားမှု၊ ဆေးရုံ ကျင့်ဝတ်နှင့် သက်ဆိုင်သောအခြေအနေများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘဝအရည်အသွေး တို့အကြား ဆက်နွှယ်မှုတို့အား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ သူနာပြု သင်တန်းကျောင်း (ဟင်္သာတ) မှ ကျောင်းအုပ် ဒေါ်အေးအေးခိုင်က “ကိုဗစ်-၁၉ ကပ်ရောဂါကာလ၌ ဗဟိုအမျိုးသမီးဆေးရုံရှိ သူနာပြုဆရာမများ၏ မိခင်ကျန်းမာစောင့်ရှောက်မှုဆိုင်ရာ အတွေ့အကြုံ များကို လေ့လာဖော်ထုတ်ခြင်း” သုတေသနစာတမ်း ကို လည်းကောင်း၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ သရုပ်ပြ ဒေါ်အိအိမွန်က “မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံ၏ကျင့်ဝတ်နှင့် သက်ဆိုင်သောအခြေအနေနှင့် သူနာပြုများ၏ ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်မှုအား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြုသင်တန်းကျောင်း(ရန်ကုန်)မှ သရုပ်ပြ ဒေါ်နွယ်ဇင်ငြိမ်းက “အသက်(၁)နှစ် အရွယ် ကလေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သောမိခင်များ၏ ဗဟုသုတအပေါ်တွင် ပညာပေး လမ်းညွှန်၏ အကျိုးသက်ရောက်မှုအစီအစဉ်” သုတေ သနစာတမ်းကိုလည်းကောင်း၊ ဆေးတက္ကသိုလ်(၁)မှ တွဲဖက်ပါမောက္ခ ဒေါက်တာမေစိုးအောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ရေဘေးကြိုတင်ပြင်ဆင်ရေးနှင့် ရေဘေးဆိုင်ရာ ကူးစက်ရောဂါများအကြောင်း အသိပညာများ တိုးမြှင့်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်) မှ ဦးစီးအရာရှိ ဒေါ်အိမွန်ဆွေက “Perindopril Erbumine Film Coated Tablet ၏ ဖော်မြူလာထုတ်ဖော်ခြင်းနှင့် အရည်အသွေးစစ်ဆေး ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ထားဝယ်) မှ ဦးစီးအရာရှိ ဒေါ်သဲဦးဘိုက “Ferrous Fumarate Capsule အား Dried Starch နှင့် Sodium Starch Glycolate မတူညီသော အချိုးအစားများကို အသုံးပြု ၍ ဆေးထွက်ရှိမှုနှုန်း အရည်အသွေးအား တိုင်းတာ ဆုံးဖြတ်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာခင်စုလှိုင်က “အစာအိမ်ကင်ဆာတွင် ပြန်ရည်ကျိတ်ကို အဆင့် ၃ ဆင့်ဖြင့် ခွဲစိတ်ခြင်းနှင့် ပုံမှန်ခွဲစိတ်ခြင်း” သုတေသနစာတမ်းကို လည်း ကောင်း၊ ဆေးတက္ကသိုလ်(၁)မှ ကထိက ဒေါက်တာ အေးပွင့်ဖြူက “CYP2D6*10 မျိုးရိုးဗီဇ အက္ခရာ ကွဲပြားမှုကြောင့် Risperidone ဆေး၏အာနိသင်နှင့် သွေးတွင်းပမာဏအပေါ် အကျိုးသက်ရောက်မှုကို စိတ်ကစဉ့်ကလျားရောဂါလူနာများတွင် လေ့လာ ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီ ဒေါက်တာ အေးမင်းမော်က “ရိုးတွင်းခြင်ဆီအားနည်းရောဂါ လူနာများတွင် အသုံးပြုသည့် Cyclosporine ဆေး၏ သွေးတွင်းပမာဏအပေါ်တွင် ဆေးကိုချေဖျက်ပေး သော ဇီဝဓာတ်ကူ CYP3A5 6986A>Gနှင့် ပတ်သက် သည့် မျိုးရိုးဗီဇအက္ခရာကွဲပြားမှု၏ အကျိုးသက်ရောက် ပုံကို လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ မြောက်ဥက္ကလာပဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာယုယုမွန်က “လူငယ်နှင့် လူလတ်ပိုင်းသွေးဥကင်ဆာလူနာရှင်များတွင် ဓာတု ရောင်ခြည်အသုံးပြုပြီး ရောဂါအကြွင်းအကျန် ရှာဖွေခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာနမှ ဒေါက်တာ ဖြိုးသိင်္ဂီခိုင်က “ရင်သားကင်ဆာရောဂါတွင် တွေ့ရှိနိုင်သော ပရိုတင်းဓာတ်ပေါင်းတစ်မျိုး (Survivin) အားလေ့လာခြင်း” သုတေသနစာတမ်းကို လည်း ကောင်း၊ ဆေးတက္ကသိုလ်(၂)မှ တွဲဖက်ပါမောက္ခ ဒေါက်တာနီနီအောင်က “သားဥအိမ်ကင်ဆာကို သွေးတွင်းဓာတ်ပစ္စည်းတစ်မျိုးနှင့် ရောင်စုံတယ်လီ ဗေးရှင်းဓာတ်မှန်ဖြင့် စမ်းသပ်ရှာဖွေခြင်း” သုတေ သနစာတမ်းကိုလည်းကောင်း၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါက်တာခင်အေးသင်းက “ကျန်းမာသောအသက် ကြီးခြင်းတွင် အခြေခံကိုယ်ခံအား ဆဲလ်ပုံစံအား ရှေးဦး အစမ်းလေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီ ဒေါက်တာ သန်းမြတ်စိုးက “သွေးလွန် တုပ်ကွေးရောဂါပိုးကို သယ်ဆောင်နိုင်သော Aedes aegypti ခြင်ကျားသားလောင်းများကို ထိန်းချုပ်နိုင် ရန်အတွက် Abate (Temphose 1% sand granules) ပိုးသတ်ဆေး၏ အကြွင်းအကျန် အကျိုးသက်ရောက် မှုကိုလေ့လာခြင်း” သုတေသနစာတမ်းကို လည်း ကောင်း ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက် လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြ ပါသည်။
သုတေသနစာတမ်းကို ဖတ်ကြားတင်ပြ
မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာ ကျော်ရွှေ၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ အေးအေးခင်၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာတင်တင်ကျော်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထင်လင်း၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်မေသင်း၊ ဆေး တက္ကသိုလ် (မန္တလေး) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာသင်းသင်းမြတ်၊ ဆေးတက္ကသိုလ် (၂) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာအေးအေးတင့်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာစန်းစန်းဌေးတို့က ဆောင်ရွက်၍ သင်္ဃန်း ကျွန်းပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာယမင်းသီရိခင်က “ခွဲစိတ်မွေးဖွား သည့်မိခင်များတွင် နာလန်ထမြန်စေရန် ပြုပြင် ပြောင်းလဲထားသည့်ကုထုံးနှင့် စံပြုကုထုံးတို့အား နှိုင်းယှဉ်လေ့လာခြင်း” သုတေသနစာတမ်းကို လည်း ကောင်း၊ သူနာပြုသင်တန်းကျောင်း (ရန်ကုန်) ကျောင်းအုပ် ဒေါ်ဝိုင်းရတနာက “မွေးဖွားပြီး သားဦး မိခင်များအား သားဖွားလမ်းကြောင်းချဲ့ထားသော အနာနာကျင်မှုနှင့် အနာကျက်မှုများအပေါ်တွင် တင်ပါးဆုံကြမ်းခင်းကြွက်သား လေ့ကျင့်ခန်း၏ အကျိုးသက်ရောက်မှု” သုတေသနစာတမ်းကို လည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွား မီးယပ်အထူးကုဆရာဝန် ဒေါက်တာဇာခြည်မင်းက “ကိုယ်ဝန်ဆောင်လူနာများ ကလေးမီးဖွားရာတွင် နာကျင်မှုသက်သာစေရန် ပါရာစီတမောဆေးသွင်း ခြင်းနှင့် ထရာမဒေါထိုးဆေး(Tramadol Injection) တို့၏ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ခြင်း” သုတေ သနစာတမ်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာယဉ်မွန်စန်းက “ကလေးမီးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များကို ကလေးမီးဖွားရာတွင် နာကျင်မှုသက်သာစေရန် ပါရာစီတမောအကြောသွင်း ဆေးရည် (Paracetamol Infusion) နှင့် ဟိုင်ရိုစင်း ထိုးဆေး (Hyoscine Butylbromide) ကို ထိုး၍ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဗဟို အမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာနွယ်နီပိုင်က “သားအိမ်ထုတ်မည့် လူနာများကို Haemocoagulase ထိုးဆေးနှင့် Tranexamic acid ထိုးဆေးပေးပြီး ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် သွေးဆုံးရှုံးမှုနှင့် ထိုဆေးတို့၏ ဘေးထွက်ဆိုးကျိုးများကို လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပဆေးရုံ ကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ အိအိဌေးက “ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်းနှင့် ယင်းကိုသက်ရောက်စေသော အကြောင်းအရာတို့ကို လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ကထိက ဒေါက်တာ နန်းယုဇနဇော်က “ဗဟိုအမျိုးသမီးဆေးရုံ၊ ရန်ကုန်သို့ လာရောက်ပြသသော ကလေးရရန်ခက်ခဲသော အမျိုးသမီးများတွင် မျိုးပွားခြင်းနှင့် သက်ဆိုင်သော ဗဟုသုတ၊ ခံယူချက်သဘောထားနှင့် ထိုရောဂါ အတွက် ကုသမှုရှာဖွေပုံ အမူအကျင့်များကို လေ့လာ ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေး တက္ကသိုလ် (မန္တလေး) မှ လက်ထောက်ကထိက ဒေါက်တာအေးသဒ္ဒါက “မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးတွင် မီးနေသည် ပိုးဆိပ်သင့်ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်သော အချက် အလက်များကို လေ့လာခြင်း” သုတေသနစာတမ်း ကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာကြေးမုံထွေးက “ရန်ကုန်ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသမှုစတင်ခံယူမည့် ကင်ဆာဝေဒနာရှင်များ၏ အာဟာရမပြည့်ဝမှုအခြေ အနေကို Subjective Global Assessment Tool ကို အသုံးပြု၍ ဆန်းစစ်လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝေ က “ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများစခန်းမှ အသက် (၅)နှစ်အောက်ကလေးများ၏ အာဟာရအခြေအနေ အား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး) မှ ကျောင်းအုပ်ဒေါ်ဟေမာန်ဦးက “အထွေထွေရောဂါကုဆေးရုံကြီး မန္တလေးရှိသူနာပြု များ၏ လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် အလုပ်အပေါ် စိတ်ကျေနပ်မှုကို လေ့လာဆန်းစစ်ခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ (ခုတင်-၅၀၀)အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအောင်လင်းအေး က “မြန်မာနိုင်ငံ၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ဆေးရုံကြီးများရှိ အကူသူနာပြု သင်တန်းသူ/သား များကြား စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် ကျေနပ်မှုများ အပေါ် သတိပဋ္ဌာန်အစီအစဉ်၏ အကျိုးသက်ရောက် မှုများအားလေ့လာဆန်းစစ်ခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး (တောင်ကြီး) ဦးသန်းစိုးဦးက “ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရှိ စိုက်ပျိုး ရေး လုပ်သားများတွင် ပိုးသတ်ဆေးသုံးစွဲမှုနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာ အခြေ အနေနှင့် ပိုးသတ်ဆေးသုံးစွဲမှု ဘေးကင်းမှုဆိုင်ရာ အမူအကျင့်များကို လေ့လာခြင်း” သုတေသန စာတမ်းကို လည်းကောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး)မှ ကထိက ဒေါက်တာခင်ချို အေးက “မကွေးမြို့ရှိ ပထမနှစ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဆိုင်ရာ အသိပညာများ မြှင့်တင်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း ဖတ်ကြားတင်ပြခဲ့ကြသည်။
စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာပညာရှင် များ၊ သုတေသီများနှင့် စာတမ်းရှင်များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေး အကြံပြု ကြသည်။
သတင်းစဉ်