
လွယ်ဂျယ်ကုန်သွယ်ရေး စခန်း အနေဖြင့် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် တန် ၂၀၀၊ ဆန်ကွဲ ၁၆၇ ဒသမ ၉ တန်၊ ကြက်သွန်နီ ၂၃၂ တန်၊ ပဲတီစိမ်း ၉၇ ဒသမ ၆ တန်၊ ဆီးခွဲခြမ်း ၂၅ တန်၊ ပဲနီကြား ၃၄ တန်၊ မြေထောက်ပဲ ၂ တန်၊ ပဲယဉ်း ၆၈ တန်၊ ထောပတ်ပဲ ၁၃၂ တန်၊ ဖရုံသီး ၃၂ တန်၊ ဖရဲသီး ၂၂၂ ဒသမ ၅၀ တန်၊ သီဟိုဠ်စေ့ ၄၇ ဒသမ ၂၀ တန်၊ ကြံ ၄၆၅ ဒသမ ၀၀ တန်၊ တစ်သျှူးငှက်ပျော တန် ၁၁၂၀၊ တန်ဖိုး ၀ ဒသမ ၄၀၇ ဒေါ်လာ သန်း၊ ALUMINIUNINGOT ၃၃ ဒသမ ၄၉၂ တန်၊ နှမ်းနက် ၁၀၂ တန်၊ ALUMINIUN SCRAP ၂၁၂ ဒသမ ၂၂၉ တန်နှင့် မြေပဲဆန် ၆၅ ဒသမ ၆၀ တန် တင်ပို့နိုင်ခဲ့သည်။
ပို့ကုန်ပစ္စည်း ဈေးနှုန်းများ အနေဖြင့် ဆန်တစ်တန်လျှင် ဒေါ် လာ ၅၆၀၊ ဆန်ကွဲ တစ်တန်လျှင် ဒေါ်လာ ၄၅၀၊ ပြောင်းတစ်တန် လျှင် ဒေါ်လာ၃၁၀၊ ဖရဲသီး တစ်တန် လျှင် ဒေါ်လာ ၁၅၀၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် ဒေါ်လာ ၃၈၀ နှင့် ပဲတီစိမ်းတစ်တန်လျှင် ၆၅၀ ဖြစ်ကြောင်း သိရှိရသည်။
ယခုအပတ်အတွင်း သွင်းကုန် ပိုင်းတွင် သံ၊ ဂျပ်ဖာ၊ မြက်ခင်းတု၊ တစ်ရှူး၊ ကုန်စုံ၊ ဖော့၊ ပလတ် စတစ်၊ စက်ပစ္စည်း၊ ကြက်အူချောင်း၊ စောင်၊ PVC ပိုက်နှင့် အဲယားကွန်း တို့ တင်သွင်းနိုင်ခဲ့သည်။
သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် စက္ကူလိပ် တစ်တန်လျှင် ဒေါ်လာ ၃၅၀၊ ပီနံအိတ် တစ်တန် လျှင် ဒေါ်လာ ၈၀၀၊ ပိတ်လိပ် တစ်တန်လျှင် ဒေါ်လာ ၅၇၀၊ ဂျပ်ဖာ တစ်တန်လျှင် ဒေါ်လာ ၃၉၀ နှင့် ချည်ခင်တစ်တန်လျှင် ၆၆၇ ဒေါ်လာဖြစ်ကြောင်း သိရှိ ရသည်။
DOT (လွယ်ဂျယ်)