
မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင်လယ်ယာထွက်ကုန်သီးနှံမျိုးစုံ ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနက်စမုံ ၄၅ ပိဿာပါ တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀-၃၆၀၀၀၀ ဖြင့် အိတ် ၁၈၅၀ ကိုလည်းကောင်း၊ နှမ်းပြာ ၄၅ ပိဿာပါ တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ဖြင့် အိတ် ၁၇၀ ကို လည်းကောင်း၊ နှမ်းနီ ၄၅ ပိဿာပါ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ဖြင့် ၉၅ အိတ်ကိုလည်းကောင်း၊ နှမ်းဖြူ ၄၅ ပိဿာပါ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ဖြင့် အိတ် ၈၀ ကိုလည်းကောင်း၊ ကုလားပဲ (H-L) တစ်တင်းလျှင် ငွေကျပ် ၁၀၀၀၀၀ ဖြင့် ၃၀ ပိဿာ ဝင်အိတ် ၇၀၀ ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) တစ်တင်းလျှင် ငွေကျပ် ၉၉၀၀၀ ဖြင့် ပိဿာ ၃၀ ဝင် အိတ် ၄၅၀ ကို လည်းကောင်း၊ မတ်ပဲ တစ်တင်းလျှင် ငွေကျပ် ၉၄၅၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ကို လည်းကောင်း၊ ပဲစင်းငုံနီ တစ်တင်းလျှင် ငွေကျပ် ၁၀၉၈၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၂၇၀၀ ကို လည်းကောင်း၊ ဘိုကိတ်ပြာ တစ်တင်းလျှင် ငွေကျပ် ၇၂၀၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၈၀ ကို လည်းကောင်း၊ ဆောင်းပဲတီစိမ်း တစ်တင်း လျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၆၀၀ ကို လည်းကောင်း၊ မိုးပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၅၅၀၀၀-၆၀၀၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ကိုလည်းကောင်း၊ ပဲကြီးတစ်တင်း လျှင် ငွေကျပ် ၁၂၅၀၀၀-၁၃၀၀၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၁၇၀ ကိုလည်းကောင်း အရောင်း အဝယ်ဖြစ်ခဲ့သည်။
မြေပဲလုံးဆန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၆၇၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၈၀ ကိုလည်းကောင်း၊ မြေပဲလုံးဆန်နီ တစ်ပိဿာ လျှင် ငွေကျပ် ၇၅၀၀ ဖြင့် ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ကိုလည်းကောင်း၊ ဝါသီးနှံတစ်ပိဿာလျှင် ငွေကျပ် ၃၄၀၀-၃၅၀၀ ဖြင့် ဝါပိဿာချိန် ၁၇၀၀၀ ကိုလည်းကောင်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ကုန်သည်များသည် လယ်ယာထွက်ကုန်သီးနှံ များကို သိုလှောင်ထားရှိသည့်အတွက် အရောင်းအဝယ်ဖြစ်မှု အနည်းငယ် အေးလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။
DOCA (မကွေး)