
ရန်ကုန် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယ သံရုံးမှ သံရုံးဒုတိယအကြီးအကဲ ဖြစ်သူ Mr. Ashish Sharma နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ကိုလ်း ကတ္တားဆိပ်ကမ်းမှ ဥက္ကဋ္ဌ Mr. Rathendra Raman ဦးဆောင် သည့် အဆင့်မြင့်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ရက် မွန်းလွဲပိုင်းက လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ သက်ဆိုင်ရာအသင်း အဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးကြသည်။
ဆွေးနွေးရာတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့် ရေး၊ စစ်တွေဆိပ်ကမ်းကို အများ ဆုံးအသုံးပြု၍ လက်ရှိဆောင်ရွက် နေသောလုပ်ငန်းများ အဆင့် မြင့်တင်ရေး၊ ပြုပြင်ထိန်းသိမ်းမှု ဆိုင်ရာများ၊ ဆိပ်ကမ်းလည်ပတ် မှု၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရေလမ်းကြောင်းများ တိုးတက် ကောင်းမွန်စေရေး၊ ကုန်သေတ္တာ တင်သင်္ဘောများ ဆိုက်ကပ်မှုအခြေ အနေများ၊ စစ်တွေဆိပ်ကမ်းမှ တစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာနိုင်မှုနှင့် ဒေသတွင်း နိုင်ငံများသို့ ကုန်သွယ်မှုများ တိုးမြင့်တင်ပို့နိုင်သည့် အခွင့် အလမ်းများ၊ စီးပွားရေးအခွင့် အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိနိုင် ခြင်းများ၊ သယ်ယူပို့ဆောင်မှု ချောမွေ့လာမည့်အခြေအနေများ၊ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကမ်းရိုးတန်းသွား သင်္ဘောလိုင်း ချိတ်ဆက်ပြေးဆွဲနိုင်မည့် အလား လာများနှင့်စပ်လျဉ်း၍ အပြန် အလှန်ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ အလုပ်အမှုဆောင် ဦးထွန်းထွန်းနိုင်၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဒေါက်တာအေးအေး၊ အတွင်းရေးမှူး ဒေါ်လှလှရီ၊ မြန်မာ နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။
မျိုးမင်းသူရ