ဆရာတော်ကြီးများအား ဂုဏပူဇော်ပွဲအခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သရေစည်သူဘွဲ့ရ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်  ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရနှင့် သီရိပျံချီဘွဲ့ရ ဒေါက်တာ ဘဒ္ဒန္တကုသလ ဆရာတော်ကြီးများအား ဂုဏပူဇော်ပွဲအခမ်းအနားကျင်းပ

 

မုံရွာ  ဇန်နဝါရီ  ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက      ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်နှင့် ဘွဲ့လက်မှတ်များ ချီးမြှင့် အပ်နှင်းခြင်းခံရသည့်  သရေစည်သူ ဘွဲ့ရ          နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊      အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠ သမ ရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိ ပတိဆရာတော်   ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရနှင့်         သီရိပျံချီဘွဲ့ရ သီတဂူ          ကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ကုသလ ဆရာတော်ကြီးများအား     ဂုဏ ပူဇော်ပွဲအခမ်းအနားကို  ဇန်နဝါရီ ၂၄    ရက်           နံနက်ပိုင်းတွင် စစ်ကိုင်းမြို့   စစ်ကိုင်းတောင်ရိုးဆွမ်းဦးပုညရှင်     သာသနာ့ဗိမာန် တော်ကြီး၌    ကျင်းပရာ    အခမ်း အနားသို့         တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး    အစိုးရအဖွဲ့ဝင် များ၊    တိုင်းဒေသကြီး၊    ခရိုင်၊ မြို့နယ်အဆင့်     ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်  ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ 


ဦးစွာ “ နမောတူ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍  အခမ်း အနားကို           ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊  အဘိဓဇ မဟာရဋ္ဌဂုရု၊   အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊           သောဠသမ ရွှေကျင်သာသနာပိုင်၊      သီတဂူ ကမ္ဘာ့ဗုဒ္ဓ      တက္ကသိုလ်များ၏ အဓိပတိဆရာတော်    ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီး ထံမှ   တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက်    သီတဂူဆရာ တော်ကြီးက   သမ္မောဒနီယသြဝါဒ ကထာမြွက်ကြားပြီး   တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန် ရှိသူများက    လှူဖွယ်ပစ္စည်းများ ဆက်ကပ်     လှူဒါန်းကြကာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ထံ    အလှူရှင်များက        ပုညရှင် သာသနာ့ ဗိမာန်တော်ကြီးအတွက်   အလှူငွေများပေးအပ်   လှူဒါန်း ကြသည်။


ထို့နောက်  သီတဂူဆရာတော် ကြီးထံမှ    တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်  တာဝန်ရှိသူများက အနုမော ဒနာတရား     နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ     “ ဗုဒ္ဒ သာသနံ   စိရံတိဋ္ဌတု”      သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ဆရာတော်ကြီးများအား   တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်    တာဝန် ရှိသူများက       နေ့ဆွမ်းများ    ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ သည်           စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ        ဗုဒ္ဓဘာသာ ပညာရေးစင်တာတွင်     ပြုလုပ် သော  တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ   ဆွမ်းဆန်တော်အိတ်  ၁၀၀  ၊ ဆီပိဿာ ၁၀၀ ဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားသို့   တက်ရောက် ကြသည်။


ဦးစွာ     အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ ပဓာန နာယကဆရာတော်  ဒေါက်တာ         အရှင်သောဘိတ  အဂ္ဂမဟာသဒ္ဓမ္မ   ဇောတိကဓဇ  အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး     ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ယင်းနောက်   ဆရာတော်ကြီး အား  တိုင်းဒေသကြီးဝန်ကြီးချုပ် က   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့်  ဇေယျာလူမှု ထူးချွန်(ပထမ)အဆင့်  ဆုတံဆိပ်၊ ဝတ္ထုငွေ၊  ဆွမ်းဆန်တော်၊  ဆီနှင့် လှူဖွယ်ပစ္စည်းများအား    လည်း ကောင်း၊ ပင့်သံဃာဆရာတော်များ ထံ  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့်     တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက      ဆွမ်းဆန် တော်၊ဆီနှင့်  လှူဖွယ်ပစ္စည်းများ အားလည်းကောင်း    ဆက်ကပ် လှူဒါန်းကြပြီး     ရေစက်သွန်းချ အမျှပေးကြသည်။ 
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ သည်  စစ်ကိုင်းမြို့  အောင်မြေဦး ကျောင်းတိုက်သို့         ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး     အစိုးရ အဖွဲ့မှ           ပေးအပ်ချီးမြှင့်သည့် ဇေယျာလူမှုထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊   ဝတ္ထုငွေနှင့်  လှူဖွယ် ပစ္စည်များအား  ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)