ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကရင်ပြည်နယ်ရှိ လက်အောက်ဌာန ၁၁ ခုမှ ပြည်နယ်မှူးများနှင့် တွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ     ၂၄


စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ရသုံးမှန်းခြေ       ငွေစာရင်းဦးစီးဌာန၌ စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ   ဌာန  ၁၁ ခုမှ   ပြည်နယ် တာဝန်ခံ     ညွှန်ကြားရေးမှူးများနှင့်      တွေ့ဆုံသည်။


ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း


တွေ့ဆုံစဉ် ပြည်နယ်တာဝန်ခံများ အနေဖြင့်   ဌာနကိုတာဝန်ခံ   ဆောင်ရွက် ရသည့်အတွက် ပြည်ထောင်စုမှ ချမှတ် ထားသောမူဝါဒ၊   လုပ်ထုံးလုပ်နည်းများ၊ ချမှတ်ထားသည့် လမ်းစဉ်များကို သိရှိရန် လိုအပ်သကဲ့သို့  ပြည်နယ်အစိုးရ၏ မူဝါဒ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို သိရှိနားလည်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏     ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ စီးပွားရေး    ဦးတည်ချက် (၃) ရပ်တို့ကို လက်အောက်ရှိ ဝန်ထမ်းများလည်း သိရှိ အောင်     ရှင်းလင်းဆွေးနွေးပေးရန်ဖြစ် ကြောင်း၊ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်      ပြည်နယ်အစိုးရအဖွဲ့တို့ အကြားတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါ တွင်   နိုင်ငံဒေသအချို့၌  လက်နက်ကိုင် ပဋိပက္ခများနှင့် ဆက်စပ်၍ လက်အောက် ဝန်ထမ်းများအား တစ်ဖက်အဖွဲ့အစည်း များမှ   သွေးထိုးလှုံ့ဆော်မှုများ    ရှိနေ ကြောင်း၊    ယင်းတို့ကို     လက်အောက် ဝန်ထမ်းများအား ဂရုပြုကြီးကြပ်ပေးရန် ဖြစ်ကြောင်း၊ ဌာနအတွင်းရှိ ဝန်ထမ်းများ အချင်းချင်း     စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ပြီး လက်အောက်ဝန်ထမ်းများအား ကျောသားရင်သားမခွဲခြားဘဲ   နာယက ဂုဏ် (၆) ပါးနှင့်အညီ   စီမံအုပ်ချုပ်ရန် လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး ပြည်နယ်ဌာနဆိုင်ရာများမှ   တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း     သတင်းရရှိ သည်။                                    

သတင်းစဉ်