နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်     ဇန်နဝါရီ     ၂၄
နိုင်ငံရေးပါတီ  တည်ထောင်လိုသူများက  ယင်းတို့  တည်ထောင်လို သောပါတီအမည်ကို       ဖော်ပြ၍       ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့    လျှောက်ထားလျက်ရှိကြရာ   ယနေ့အထိ   ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့   ၁၅   ဖွဲ့ရှိပြီး   ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက်    မွန်တိုးတက်ရေးပါတီ  သည် နိုင်ငံရေးပါတီများ      မှတ်ပုံတင်ခြင်းဥပဒေ၊      နည်းဥပဒေများနှင့် ညီညွတ်ကြောင်း      စိစစ်တွေ့ရှိရသဖြင့်    ကော်မရှင်က    ယနေ့တွင် နိုင်ငံရေးပါတီ  တည်ထောင်ခွင့်လျှောက်ထားချက်ကို   ခွင့်ပြုလိုက် ကြောင်း သိရှိရသည်။
ပါတီတည်ထောင်ခွင့်ရရှိသော      မွန်တိုးတက်ရေးပါတီ     သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ  ၇ နှင့်အညီ  ကော်မရှင်သို့    နိုင်ငံရေး ပါတီအဖြစ်    မှတ်ပုံတင်ပေးပါရန်    လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၁ ပါတီဖြစ်ကြောင်း နှင့်    တည်ထောင်ခွင့်လျှောက်ထားသည့်     ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 သတင်းစဉ်