
ဘားအံ ဇန်နဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း (ဘားအံ) ၏ ၂၀၂၄ ခုနှစ် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်း အနားကို ဇန်နဝါရီ ၂၄ ရက် နံနက် က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးက ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှု များစွာကို အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် စိုက်ထုတ် ဆောင်ရွက်လျက်ရှိပြီး သင်တန်း တက်ရောက်နေစဉ် ကာလ တစ်လျှောက်လုံး လုံခြုံစိတ်ချစွာ နေနိုင်ရေး၊ ငွေကြေးအကုန်အကျ သက်သာစေရေးအတွက် နိုင်ငံ တော်မှ ငွေကြေးအမြောက်အမြား အကုန်အကျခံပေးခြင်းသည် မိမိ နိုင်ငံအတွင်းရှိ ပြည်သူများ အား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျန်းမာရေး စောင့်ရှောက်မှုပေး ရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း (ဘားအံ)ကျောင်းအုပ်ကြီး ဒေါ်နီနီချိုက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး သူနာပြုသင်တန်း သား ၁၅ ဦးနှင့် သူနာပြုသင်တန်း သူ ၁၂၀ စုစုပေါင်း ၁၃၅ ဦးတို့က ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များအား တစ်ဦးချင်း မိတ်ဆက်ကြကာ ပြည်နယ် ဝန်ကြီးချုပ်က မောင်မယ်သစ်လွင် များအတွက် ငွေကျပ် ၃၃၁၀၀၀၀ ကို ထောက်ပံ့ ပေးအပ် သည်။
ယင်းနောက် မောင်မယ် သစ်လွင်သူနာပြု သင်တန်းသား၊ သင်တန်းသူများမှ Voting စနစ် ဖြင့် ရွေးချယ်ထားသည့် King နှင့် Queen တို့ကို ကြေညာပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ် ဒေါ်ခင် ဆွေထွန်းတို့က King နှင့် Queen တို့အား ဂုဏ်ပြုစလွယ်နှင့် သရဖူ တို့ကို အပ်နှင်းချီးမြှင့်သည်။
ထို့နောက် သူနာပြု-သားဖွား သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာ ပဒေသာအက အလှများဖြင့် သီဆိုကပြဖျော်ဖြေ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)