ပေးဝေမျှကူ တိုင်းပဲခူး၏ အခမဲ့ ဆေးကုသမှုအလှူ

Type
1

 

ရဲယံ

ဒူးမကောင်း၊  ခါးမကောင်း၊  မျက်စိမကောင်း  စသည့်အမျိုးမျိုးသော  ဝေဒနာတို့ကြောင့်   ဆေးကုသခံယူရန် အဘိုးအဘွားများသည် ပဲခူးမြို့ ပြည်သူ့ဆေးရုံ၌ စုရုံးရောက်ရှိနေကြသည်။ ယင်းအဘိုးအဘွားများသည် အများအတွက် တာဝန်ထမ်းဆောင်ရင်း နုပျိုချိန်ကို ကုန်လွန်စေကာ သက်ကြီးပိုင်းကာလ ဝင်ရောက်ချိန်မှ ပင်စင်ယူနားခဲ့ကြရသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများပင်။

ထိုကဲ့သို့ နိုင်ငံ့တာဝန်ကို  တာဝန်ထမ်းဆောင် ခဲ့သည့်    အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ    အငြိမ်းစား ယူပြီး     ကျန်းမာပျော်ရွှင်စွာဖြင့်     အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့်       လိုအပ်သည့်      ကျန်းမာရေး စောင့်ရှောက်မှုကို ငွေကြေးကုန်ကျမှု အနည်းဆုံးဖြင့် လက်လှမ်းမီ   သာတူညီမျှရရှိနိုင်ရေး    ရည်ရွယ်၍ လစဉ်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အစီအစဉ်ကို     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိသည်။
“မွန်မြတ်ကောင်းမွန်တဲ့ စိတ်ရင်းစေတနာတွေနဲ့ လုပ်ပေးတဲ့  ဆေးကုသမှုအစီအစဉ်လေးပါ။  လာပြ ဖြစ်တာ ရှစ်လလောက်ရှိပါပြီ။ ပထမဆုံး လာပြတုန်း က   ဒူးနာလို့ဆိုပြီး    လာပြတာပါ။     ဒီကျတော့မှ ဆရာဝန်ကြီးတွေက     သေချာစစ်ဆေးပေးတော့မှ ဆီးချိုကြောင့်ဆိုတာ    သိရတာ။   ဒီမှာလစဉ်ပုံမှန် လာပြတယ်။ ဆေးကုသမှုပေးမယ်၊ သောက်ရမယ့် ဆေးတွေ   ပေးပါတယ်။   သက်သာပါတယ်။     ဒီလို စီစဉ်ပေးတာ   ကျေးဇူးတင်ပါတယ်။    ဘာဖြစ်လို့လဲ ဆိုတော့ အငြိမ်းစားဝန်ထမ်းဆိုတာ ပင်စင်လစာပဲ ဝင်ငွေရှိတာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် လစဉ်လတိုင်းသုံးနိုင်ဖို့   ခက်ခဲတဲ့သူများပါတယ်။ အဆင်ပြေတဲ့သူထက် လိုအပ်တဲ့သူက များပါတယ်။ ဒီလိုလိုအပ်မှုများတဲ့     အငြိမ်းစားဝန်ထမ်းတွေရဲ့ ကျန်းမာရေးကွက်လပ်ကို      ဖြည့်ပေးတဲ့အတွက် စီစဉ်ပေးတဲ့သူတွေ၊ ကုသပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”  ဟု   ပဲခူးမြို့မှ    အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွဲ့က ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်း(အငြိမ်းစား)များအား     တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပဲခူးမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် လစဉ် လတိုင်း အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ကို     လစဉ်   ၂၁     ရက်နေ့တိုင်းတွင်     ဆောင်ရွက် ပေးလျက်ရှိပြီး  အကယ်၍  ၂၁   ရက်နေ့သည်     ရုံး ပိတ်ရက်ဖြစ်ပါက           အနီးဆုံးရုံးဖွင့်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း       တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ပြည်သူလူထုကျန်းမာရေး 
မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ
“နိုင်ငံတော်စီမံအုပ်ချုပ်ရေး                ကောင်စီ လက်ထက်မှာ  ပြည်သူလူထုကျန်းမာရေး  အဆင့် အတန်း    တိုးတက်မြင့်မားလာစေရေးကို   စဉ်ဆက် မပြတ် အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။   ကျွန်တော်တို့    တိုင်းဒေသကြီးမှာလည်း ဝန်ကြီးချုပ် ဦးဆောင်ညွှန်ကြားမှုနဲ့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ် မှာရှိတဲ့    တိုင်းဒေသကြီးအဆင့်   ဆေးရုံကြီးတွေ၊ ခရိုင်၊  မြို့နယ်၊   တိုက်နယ်သက်ဆိုင်ရာ    မြို့နယ် ဆေးရုံတွေမှာ          တာဝန်ထမ်းဆောင်နေတဲ့ သမားတော်ကြီးတွေ၊           အထွေထွေရောဂါကု ဆရာဝန်ကြီးတွေ၊     ကျန်းမာရေးဝန်ထမ်းတွေဟာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဒေသခံ မြို့မိမြို့ဖ၊     ရပ်မိရပ်ဖတွေ၊    ပရဟိတစေတနာ ဝန်ထမ်းအဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းပြီးတော့ အငြိမ်းစားဝန်ထမ်းတွေကို       ကျန်းမာရေးအထူး စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ဖြစ်တဲ့အတွက်  ကျွန်တော် တို့ အစိုးရအဖွဲ့အနေနဲ့ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”    ဟု      ပဲခူးတိုင်း ဒေသကြီး     စီးပွားရေးရာဝန်ကြီး        ဦးတင်ဦးက ပြောသည်။ 
ပဲခူးမြို့       ပြည်သူ့ဆေးရုံ၌          နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား         လစဉ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှ  စတင်ဆောင်ရွက်ခဲ့ပြီး  ယခု  ၁၃  ကြိမ်မြောက် အထိ ရှိလာခဲ့ပြီဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင်လည်း အခမဲ့ဆေးကုသမှုများကို            တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။
 “ပုံမှန်ဆိုရင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေကို အထူးကုဘာသာရပ် ၁၀  မျိုးနဲ့ ကုသပေးလျက်ရှိပါ တယ်။    အခု      ၁၃    ကြိမ်မြောက်   ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့အခါမှာ          မျက်စိစမ်းသပ် ပြီးတော့မှ ခွဲစိတ်ဖို့လိုအပ်တဲ့ လူနာတွေကို ရက်ချိန်း နဲ့ ခွဲစိတ်ကုသနိုင်အောင်  စီစဉ်ဆောင်ရွက်ထားပါ တယ်။ ဒါက  အခုလမှာ ပါဝင်လာတဲ့ အထူးကုသမှု အစီအစဉ်တစ်ခုပါ။         ထပ်ပြီးတော့လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီးပေးနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်”     ဟု     ပဲခူးပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် က ပြောကြားသည်။
  အငြိမ်းစားများ      ဆေးကုသမှုခံယူရာတွင် ငွေကြေးအခက်အခဲများရှိခြင်းနှင့်        အထူးသဖြင့် နာတာရှည်မကူးစက်နိုင်သော     ရောဂါဝေဒနာရှင် များမှာ လစဉ်ဆေးဝါးဝယ်ယူရသည့် ကုန်ကျစရိတ် များ ရှိခြင်းတို့ကြောင့် ပင်စင်လစာဖြင့် အချိုးအစား မညီသည့်အတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက် မှု   အစီအစဉ်ကို   ပဲခူးတိုင်းဒေသကြီး    အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့သည်  နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား       လစဉ်စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု         ပေးနိုင်ရန်အတွက် စတင်ဆောင်ရွက်သည့် ၂၀၂၂   ခုနှစ်  ဒီဇင်ဘာလ တွင် ငွေကျပ်သိန်း ၃၀ မတည်လှူဒါန်းခဲ့ပြီး ဘဏ္ဍာ ငွေလိုအပ်သည့်      လများတွင်လည်း      ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၃   ခုနှစ်  နိုဝင်ဘာလ အထိ စုစုပေါင်းငွေကျပ်သိန်း ၁၆၀ ထောက်ပံ့ပေးနိုင် ခဲ့သည်။ 
အငြိမ်းစားဝန်ထမ်းတွေ 
အများကြီးလာပြကြ 
“လစဉ် လာပြဖြစ်တယ်။ သွေးတိုးရောဂါကြောင့် ပုံမှန်ဆေးပြဆေးသောက်နေရပါတယ်။ ကျွန်တော် တို့လို    အငြိမ်းစားဝန်ထမ်းတွေ     ရပ်ဝေးရပ်နီးက အများကြီးလာပြကြတယ်။ တစ်လလုံးစာ သောက်ဖို့ ဆေးဝါးတွေ   အလုံအလောက်ပေးတယ်။   အခုက တော့  လာပြတဲ့သူကများတော့   ရက်     ၂၀      စာ ခွဲပေးတာလည်းရှိတယ်။         ဘယ်လိုပဲဖြစ်ဖြစ်       အင်မတန်ကောင်းတဲ့       အစီအစဉ်ပါ။   ဒါကြောင့်   လှူတဲ့သူ၊     ကူတဲ့သူအားလုံးလည်း      ကုသိုလ်ရပါ တယ်။    ထပ်ပြီးတော့လည်း    လိုအပ်တဲ့နေရာတွေ ဖြည့်နိုင်ပါစေလို့      ဆုတောင်းပေးပါတယ်”      ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ   ဦးသန်းအောင် က ပြောသည်။
လစဉ်စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်အတွက်             ကုသရေးဦးစီးဌာန (နေပြည်တော်)  နှင့်   ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ        ထောက်ပံ့ပေးသော ဆေးဝါးများ၊   အလှူရှင်များ၏      လှူဒါန်းငွေများ၊ ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့၏    ထောက်ပံ့ငွေ ရရှိမှုအပေါ်မူတည်၍ ဆေးဝါးများကို  လူနာတစ်ဦး လျှင် တစ်လစာ (သို့မဟုတ်) ၁၅ ရက်စာ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ        တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ သားဖွားမီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ခေါင်း၊     အရိုးအကြော၊     အရေပြား   စသည့် ဆေးပညာရပ်အလိုက် အထူးကုဆရာဝန်ကြီးများ၏ စေတနာအရင်းခံပြုစုကုသမှု၊   သက်ဆိုင်ရာဌာန ဆိုင်ရာ၊ အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ဖော်ဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း  အငြိမ်းစား များအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုသည် မွန်မြတ်သော၊       ကောင်းမွန်သောလုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် တိုး၍ပွား၍ ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း      တင်ပြလိုက်ရပါ သည်။     ။