ဒဂုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

 

ရန်ကုန်   ဒီဇင်ဘာ  ၁၂ 
ပြည်ထောင်စု   ရွေးကောက်ပွဲ ကော်မရှင်သည် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်း အသိ ပညာပေးလုပ်ငန်းအား ဆောင်ရွက် လျက်ရှိရာ  ဒီဇင်ဘာ  ၄  ရက်မှ စတင်၍  ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင် လေးခုရှိ မြို့နယ် လေးမြို့နယ်တို့တွင်  မဲဆန္ဒရှင် ပြည်သူများ၏     မြန်မာအီလက် ထရောနစ်       မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာ ခြင်း      အစီအစဉ်ကို           တစ်ပြိုင် တည်း   ဆောင်ရွက်လျက်ရှိသည်။
ထို့သို့   ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားခရိုင် ဒဂုံမြို့နယ်၌ မဲဆန္ဒ ရှင်ပြည်သူများ  မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာ ခြင်း  ပထမနေ့အဖြစ်   ဒီဇင်ဘာ ၁၁ ရက်  နံနက်  ၁၀   နာရီက ကျောက်တံတားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်   အဖွဲ့ ဝင်များ၊    မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊   ခရိုင် နှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ဒဂုံမြို့နယ်မှ နိုင်ငံရေးပါတီ အဖြစ်  မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ   ကိုယ်စား လှယ်များ၊   ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက် ငါးရပ်ကွက်မှ မဲဆန္ဒရှင် ပြည်သူ ၂၄၅ဦး စုစုပေါင်း မဲဆန္ဒ ရှင်ပြည်သူ  ၄၃၂  ဦး တက်ရောက် ကာ   လက်တွေ့စမ်းသပ်  မဲပေး လေ့လာ   ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ  ခရိုင်/   မြို့နယ်    ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ   တာဝန်ရှိသူများက ရှင်းလင်းပြသကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 
မြို့နယ်(ပြန်/ဆက်)