ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော်  ဒီဇင်ဘာ   ၁၂  


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏         လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး  လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည် ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့်   ပို့ဆောင်ပေးလျက် ရှိရာ   MV  Royal  Venus   ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး   ဝန်ကြီး ဌာနတို့မှပေးပို့သည့်         အမိုးဒိုင်းသံချောင်း  (Lip Channel) တန် ၁၀၀ ၊ သံချောင်းလုံး ၆၂၀ ဒသမ ၅၄ တန်၊   ၁၀ ပေ ခေါင်အုပ်သွပ်ချပ် ၁၇၇၀၀ ၊   ထရန်စဖော်မာ လေးလုံး၊   ဘိလပ် မြေဖျော်စက်  လေးလုံး၊    အမိုးချိတ်ချောင်း ၁၅၀၀၀၀ နှင့် သစ်ခွဲသား  ၁၆၄၀ ဒသမ ၀၉  တန် စုစုပေါင်းတန်ချိန်  ၂၄၁၄ ဒသမ ၁၄   တန် တင်ဆောင်၍    ယနေ့မွန်းလွဲ   ၂   နာရီတွင် The Myanmar Terminal  (TMT)   ဆိပ်ခံ တံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။ 

သတင်းစဉ်