
နေပြည်တော် ဒီဇင်ဘာ ၁၂
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန - ၂ MICC –2 ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဆုနှင်းသဘင်အခမ်းအနားကို ယင်းနေ့နံနက် ၉ နာရီ မိနစ် ၂၀ မှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ MRTV-HD Channel ၊ MRTV News Channel ၊ ၊ MWD-HD Channel ၊ MWD Variety HD Channel ၊ MITV၊ MOI Website၊ MOI Youtube၊ မြန်မာ့အသံရေဒီယိုနှင့် MRTV App: အပါအဝင် Online တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။ သတင်းစဉ်