စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ဆန် စျေးနှုန်းများနှင့် စီးထွက်မှု

 

စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များ အနက် ကသာခရိုင် (အင်းတော်မြို့နယ်) နှင့် မုံရွာ ခရိုင်များတွင် စပါး၊ ဆန်အသစ်များပေါ်လာပြီး ကျန် ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   ဒီဇင်ဘာလ (ပထမပတ်)တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၃၈ သိန်း၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၄၅၀၀၀၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀၀   လျှင်  ကျပ် ၁၈ သိန်း၊ နွေစပါး (ရွှေဝါထွန်း)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။


ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃၈ သိန်း၊ ပေါ်ဆန်း (ဆန်)တစ်အိတ် လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၄၅၀၀၀၊ နွေစပါး  (ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်း၊   နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ၂၈၀၀၀၀၀၊ ဧည့်မထ(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၅၀၀၀၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ကျပ်၂၈၀၀၀၀၀၊ ငစိန်(ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၉၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၈ သိန်း၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၁၀၀၀၀၊ နွေစပါး(ဒေသမျိုး) (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၁ သိန်း၊ နွေစပါး (ဒေသမျိုး) (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။


ကသာခရိုင် အင်းတော်မြို့နယ်မှ ဆင်းဧကရီ (၃) (စပါးသစ်)   တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်း၊ ဆင်းဧကရီ - ၃ (ဆန်သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ဆင်းဧကရီ(၃) (စပါးဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀၊ ဆင်းဧကရီ-၃ (ဆန် ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀၊ နွေစပါး(ဆင်း-၃) (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည် ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။


မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း (စပါးသစ်)  တင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀၊ ဧရာမင်း (ဆန်သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်  ၉၀၀၀၀၊ ဧရာမင်း(စပါး ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃၅ သိန်း၊ ဧရာမင်း (ဆန်ဟောင်း) ၂၄ ပြည်ပါ   တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀၊ ပေါ်ဆန်း (စပါးသစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၅ သိန်း၊ ပေါ်ဆန်း (ဆန်သစ်)   ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်း (စပါး ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၄၅ သိန်း၊ ပေါ်ဆန်း (ဆန်ဟောင်း) ၂၄  ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀၀၊ မနောသုခ(စပါးသစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်း၊ မနောသုခ (ဆန်သစ်)   ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ မနောသုခ(စပါးဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၁ သိန်း၊ မနောသုခ (ဆန် ဟောင်း)၂၄ ပြည်ပါ တစ်အိတ်လျှင်   ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ကန့်ဘလူခရိုင်  ကန့်ဘလူမြို့တွင် ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၉ သိန်း၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ် လျှင်   ကျပ် ၁၂၇၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃၅၅၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၆၅၀၀၀၀၊ ရွှေဝါထွန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။


ဒီဇင်ဘာလ(ပထမပတ်)တွင်    စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့    ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၉၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၄၃၀၀၊ မကွေးသို့ အိတ်ရေ ၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၂၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၃၀၀၊ ချင်းသို့ ၁၆၂၇ အိတ်၊ မွန်သို့ အိတ်ရေ ၂၆၁၀ စုစုပေါင်း အိတ်ရေ ၄၄၆၇၉ အိတ်၊ (တန်အားဖြင့် ၂၂၃၃ တန်) ဖြစ်ကြောင်း သိရသည်။                

DOCA (စစ်ကိုင်း)