ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

 

နယူးယောက်    ဒီဇင်ဘာ   ၉


ဂါဇာကမ်းမြောင်ဒေသ     လူသားချင်းစာနာထောက်ထားမှုအတွက်      ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုလိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာ သုံးပြီး ပယ်ချလိုက်သည်။ 


ယူအေအီးနိုင်ငံက တင်သွင်းသော ဆုံးဖြတ်ချက် မူကြမ်းကို   ဒီဇင်ဘာ ၈ ရက်က  မဲခွဲဆုံးဖြတ်ခဲ့ရာ ဂျပန်၊  ပြင်သစ်အပါအဝင်အခြားသော  လုံခြုံရေး ကောင်စီအဖွဲ့ဝင်   ၁၅  နိုင်ငံက    ထောက်ခံမဲပေး ခဲ့ပြီး    ဗြိတိန်နိုင်ငံကမူ   ကြားနေအဖြစ်  ရပ်တည် ခဲ့သည်။ 


ကုလသမဂ္ဂ    အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို  ဂူတာရက်စ်က   ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို    တောင်းဆိုရန်    ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို    ဒီဇင်ဘာ  ၇  ရက်က    တိုက်တွန်း ခဲ့သည်။   


သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် နိုင်ငံ  အလှည့်ကျကိုယ်စားလှယ်  ရောဘတ် ဝုဒ် ကမူ    သဘောမတူဘဲ    ချက်ချင်းအပစ်အခတ် ရပ်စဲရေးသည် လာမည့်စစ်ပွဲအတွက် မျိုးစေ့များ ကိုသာ စိုက်ပျိုးသလိုဖြစ်မည်ဟု ဆိုသည်။   အစ္စရေး နှင့် ပါလက်စတိုင်း  နှစ်နိုင်ငံလုံးအတွက်  ငြိမ်းချမ်း စွာ      နေထိုင်နိုင်သည့်      တာရှည်ခံငြိမ်းချမ်းရေး ကိုသာ   အမေရိကန်ပြည်ထောင်စုက   အခိုင်အမာ ထောက်ခံကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။


ကုလသမဂ္ဂ၏ အဆိုအရ အစ္စရေး၏ စစ်ရေး စစ်ဆင်ရေး စတင်ချိန်မှစ၍ ပါလက်စတိုင်း ၁၇၀၀၀ ကျော် အသတ်ခံခဲ့ရပြီး အမျိုးသမီး ၄၀၀၀ ကျော်နှင့် ကလေး ၇၀၀၀ ကျော်ရှိကြောင်း၊ ထို့အတူ လူထောင်  ပေါင်းများစွာဒဏ်ရာရခဲ့ပြီး အများအပြားပျောက်ဆုံး နေသည့်အပြင်    ဂါဇာတွင်    နေထိုင်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း ဂူတာရက်စ်က သတိပေးပြောကြားလိုက်သည်။


အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ