
နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့် အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့ လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူ များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ် များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက် ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူ များက ရေးသားပေးပို့သည့် “နိုင်ငံတော်ရဲ့ပိုင်နက် နယ်မြေများနဲ့ အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်နေတဲ့ တပ်မတော်သားများ ဘေး အပေါင်း ရန်အပေါင်းကို နှိမ်နင်းအောင်မြင်ကြပါစေ၊ တိုင်းပြည်ရန်စွယ်ဟူသမျှကို အမြစ်ပါမကျန် ချေမှုန်း နိုင်ကြပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်