စစ်တက္ကသိုလ်၏ (၆၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ    ၉


စစ်တက္ကသိုလ်၏ (၆၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊  စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက် ကြသည်။ 


ဦးစွာ စစ်တက္ကသိုလ်ကျောင်း အုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာ ရေးအဖွဲ့ဝင်များသည်    ဘွဲ့နှင်း သဘင်ခန်းမရှိ     သတ်မှတ်နေရာ များတွင် ဝင်ရောက်နေရာယူကြ ပြီး    နိုင်ငံတော်သီချင်းတီးမှုတ်ကာ   ဘွဲ့နှင်းသဘင်   အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက်   ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်     ကျင်းပကြောင်း ကြေညာပြီး     ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်   ကျင့်ဝတ်များ ကို    လိုက်နာကျင့်သုံးရန်     ကတိ ခံဝန်မှုပြုခြင်းကို      ဆောင်ရွက် ကြသည်။


ဆက်လက်၍    ပါမောက္ခချုပ် က ဝိဇ္ဇာဘွဲ့ရရှိသူ ၆၀၊ ဝါဏိဇ္ဇဘွဲ့ ရရှိသူ ၁၀ ဦး၊ စီးပွားရေးပညာဘွဲ့ ရရှိသူ ၂၂ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂၂၈ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူ ၈၂ ဦး နှင့်      ကွန်ပျူတာနည်းပညာဘွဲ့ ရရှိသူ ၈၁ ဦး  စုစုပေါင်း  ၄၈၃ ဦး တို့ကို  ဘွဲ့လက်မှတ်များ ချီးမြှင့် အပ်နှင်းသည်။


ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား    ဘွဲ့များနှင့် လျော်ညီသော    အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်စုံများကို  ဝတ်ဆင် ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင်    လက်မှတ်ရေးထိုး သည်။ 


ဆက်လက်၍    ပါမောက္ခချုပ် က      ဘွဲ့နှင်းသဘင်      မိန့်ခွန်း ပြောကြားပြီး    အခမ်းအနားကို    ရုပ်သိမ်းကြောင်း   ကြေညာကာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊    ပါမောက္ခချုပ်နှင့်     ပညာရေး အဖွဲ့ဝင်များသည်    ဘွဲ့နှင်းသဘင် ခန်းမမှ     ပြန်လည်ထွက်ခွာသွား ကြသည်။ 


  စစ်တက္ကသိုလ်     အနေဖြင့် ပထမအကြိမ်     ဘွဲ့နှင်းသဘင်မှ ယခု   (၆၆) ကြိမ်မြောက်   ဘွဲ့နှင်း သဘင်အထိ ကျောင်းဆင်းအရာရှိ ပေါင်း   ၃၃၉၉၅   ဦးကို   အခြေခံ ဘွဲ့များ       ပေးအပ်ချီးမြှင့်နိုင်ခဲ့ ကြောင်း   သတင်းရရှိသည်။  

   
 သတင်းစဉ်