ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၉၀၀ ကျော် ပါဝင်ဆင်နွှဲ

 

နေပြည်တော်     ဒီဇင်ဘာ   ၉


ဒီဇင်ဘာလ(ဒုတိယအပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော် ဝဏ္ဏသိဒ္ဓိ     အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ခွန်စံလွင်၊    ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များ၊      နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာများမှ    တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်  စုစုပေါင်းအင်အား ၃၉၀၀ ကျော်      ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ   ပါဝင် ဆင်နွှဲကြသည်။


စုပေါင်းလှုပ်ရှားဆောင်ရွက်


လမ်းလျှောက်ပွဲ  ပါဝင်ဆင်နွှဲ ကြသူများသည်         ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏    သတ်မှတ် လမ်းကြောင်းများအတိုင်း  ပျော် ပျော်ပါးပါး    လမ်းလျှောက်ကာ စုပေါင်း    ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊  (၂)နှင့် Physical    Fitness    Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှား    ဆောင်ရွက်ခဲ့ ကြပြီး  အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ က     ရေသန့်ဘူးနှင့်    အာဟာရ  မုန့်များ ပေးဝေခဲ့ကြသည်။


စနေနေ့တိုင်းပြုလုပ်မည်


“၂၀၂၃   ခုနှစ်     ဒီဇင်ဘာ လူထု     အားကစားလှုပ်ရှားမှု     အထိမ်းအမှတ်(ဒုတိယအပတ်)   စုပေါင်းလမ်းလျှောက်ပွဲ” များကို  မြန်မာနိုင်ငံ         တစ်ဝန်းလုံးတွင်  ဆောင်ရွက်လျက်ရှိပြီး လူတစ်ဦး ချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ အားကစားလောက     အဆင့် အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ကြောင်း၊  လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်  စနေနေ့တိုင်း ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့်  ဝန်ကြီးဌာနများမှ ဝန်ထမ်း များအပြင်   ဝန်ထမ်းမိသားစုဝင် များပါ   ပျော်ပျော်ပါးပါး   ပါဝင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရ သည်။                      

သတင်းစဉ်