နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်     ဒီဇင်ဘာ     ၉


အပြည်ပြည်ဆိုင်ရာ    အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင်    နေပြည်တော်ရှိ   မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပရာ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ        ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း တက်ရောက်အမှာစကား   ပြော ကြားသည်။


အခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊  ပြည်ထောင်စုအဆင့်   ပုဂ္ဂိုလ်များ နှင့်    ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်     ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်          အရာရှိကြီးများ၊   နေပြည်တော်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အဂတိ လိုက်စားမှု   တားဆီးကာကွယ် ရေးအဖွဲ့မှ     တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ် များက  Video   Conferencing ဖြင့် တက်ရောက်ကြသည်။


မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် အတည်ပြုဝင်ရောက်


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာ စကားပြောကြားရာတွင်     ကုလသမဂ္ဂ အထွေထွေညီလာခံ၏    ဆုံးဖြတ်ချက် အမှတ် ၅၈/၄ အရ  အဂတိလိုက်စားမှုများ ကို တိုက်ဖျက်ခြင်း၊ တားဆီးကာကွယ်ခြင်း နှင့် အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးနေ့အဖြစ်  သတ်မှတ်ခဲ့ပြီး    အထိမ်းအမှတ်အခမ်း အနားများကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့်     ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း    (United Nations   Convention   Against Corruption –UNCAC)  ကို ၂၀၀၅ ခုနှစ် တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ်     အတည်ပြုဝင်ရောက်ခဲ့ ကြောင်း။


ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး အဂတိလိုက်စားမှု         တိုက်ဖျက်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ကာ အဂတိ လိုက်စားမှု   တားဆီးကာကွယ်ခြင်းနှင့် ဆန့်ကျင်        တိုက်ဖျက်ခြင်းများကို ထိရောက်အောင်မြင်အောင် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊    အဂတိ လိုက်စားမှု   တားဆီးကာကွယ်ရာတွင် ခိုင်မာအားကောင်းစေရန်  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ် သည့် နည်းပညာဆိုင်ရာ အထောက်အကူ ပေးရန်နှင့်    ပြည်သူပိုင်ပစ္စည်းများကို နည်းလမ်းတကျ     စီမံခန့်ခွဲမှုရှိစေရေး  တိုးမြှင့်ဆောင်ရွက်ရန် စသည့်အချက်များ ကို        လိုက်နာဆောင်ရွက်ရမည်ဖြစ် ကြောင်း။


နိုင်ငံတော်           အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး     တည်ငြိမ် အေးချမ်းပြီး       တရားဥပဒေစိုးမိုးရေး၊  တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေ ရိက္ခာဖူလုံရေးတို့အတွက် ပြည်သူအခြေ ပြုနည်းလမ်းများနှင့်    နိုင်ငံတော်ပြုပြင် ပြောင်းလဲ တည်ဆောက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များ၊   ဦးတည်ချက်များ၊ ရည်မှန်းချက်များ    ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်  ရန်အတွက်         ပြုပြင်ပြောင်းလဲရေး နှင့်      တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်    အဂတိလိုက်စားမှု ပြဿနာသည်   ကြီးမားသည့်   ခလုတ် တံသင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရအနေဖြင့် အဂတိလိုက်စားမှုများ ကို ထိထိရောက်ရောက်  တိုက်ဖျက်ပြီး အဂတိကင်းစင်သည့်  လူ့အသိုက်အဝန်း ဖြစ်ပေါ်လာစေရေး  ရည်မှန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်  


“အဂတိလိုက်စားမှု     များလေလေ ဆင်းရဲနွမ်းပါးမှုများလေ”    ဖြစ်သည့် အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း      အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်          ခံယူပြီး သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်        ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး၏    အနှစ်သာရများသည်  အများ ပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေး ရန်နှင့်   အဂတိကင်းစင်သည့်  လူ့အဖွဲ့ အစည်းဖြစ်စေရန်ဖြစ်ကြောင်း၊     နိုင်ငံ့ ဝန်ထမ်းများသည်  နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား   ပေါင်းကူးတံတား များသဖွယ်       ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှု      တည်ဆောက်ပေးရသူများ ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၏    စည်းကမ်း လိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများ လွဲမှားသွားစေ သည့်    အဓိကအချက်သည်    အဂတိ လိုက်စားမှုပင်ဖြစ်ကြောင်း၊  ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်     သတ်မှတ် ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊  လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ် များနှင့်အညီ     အဂတိကင်းကင်းနှင့် လိုက်နာ      ဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏     ယုံကြည်မှုကိုရရှိ၍ ကောင်းမွန်သည့်          အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် လာမည်မှာ မလွဲမသွေဖြစ်ကြောင်း။


အဂတိလိုက်စားမှုသည်    နိုင်ငံရေး နယ်ပယ်၊  စီးပွားရေးနယ်ပယ်၊ အုပ်ချုပ် ရေး နယ်ပယ်များတွင်  ငွေကြေး၊ ပစ္စည်း၊  လုပ်ပိုင်ခွင့်ဆိုင်ရာ    အဂတိလိုက်စားမှု များကို  ပုံစံအမျိုးမျိုးဖြင့်   ဖြစ်ပွားတတ်  ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ စီးပွားရေးကို ထိခိုက်စေသည့်  အဓိက အကြောင်းရင်း   တစ်ခုဖြစ်သည့်အပြင် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန်နှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်    ဆောင်ရွက်ရာ တွင်လည်း     အဟန့်အတားတစ်ခုဖြစ် ကြောင်း၊ ထိုသို့ အဂတိလိုက်စားမှုဖြစ်ပွား ရခြင်း၏ အရင်းခံအကြောင်းတရားများ သည်        စိတ်စေတနာနည်းပါးခြင်းနှင့် အကျိုးစီးပွားပဋိပက္ခများ၏ အကျိုးဆက် များပင်ဖြစ်ကြောင်း။


အဂတိလိုက်စားမှုသည်   တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး   ဆောင်ရွက်ရာတွင် အဓိက      အဟန့်အတားတစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏    အကျင့်စာရိတ္တကို ပျက်ပြားစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊   ကိုယ်ရည်ကိုယ်သွေး များကိုလည်း    ကျဆင်းစေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ မူဝါဒများနှင့် ဆန့်ကျင်ပြီး   ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်မှုများ၊    နိုင်ငံတော်က ချမှတ်ထားသည့်    ရှေ့လုပ်ငန်းစဉ်များ နှင့်   ဦးတည်ချက်များကို  သွေဖည်ပြီး နိုင်ငံတော်         သစ္စာဖောက်ဖျက်မှုကို ကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား မခွဲခြားဘဲ ထိရောက်စွာ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင် ရွက်လျက်လည်း ရှိပါကြောင်း။


အဂတိလိုက်စားမှုလျော့နည်းစေရေး အရေးယူမှုတစ်ခုတည်းနှင့် လုံလောက်မှုမရှိ


အဂတိလိုက်စားမှု      လျော့နည်း ကျဆင်းစေရေး     ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းနှင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိ နိုင်ကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝ လက်မခံသည့်      ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့်    အကျင့်ပျက် ခြစားမှုများ မရှိစေရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့်   အသိပညာပေးရေး နှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ် များကိုပါ   ဟန်ချက်ညီညီ  ချဉ်းကပ်ပြီး အချိန်နှင့်တစ်ပြေးညီ       အလေးထား လုပ်ဆောင်သွားကြရန်  လိုအပ်မည်ဖြစ် ကြောင်း။


တားဆီးကာကွယ်ခြင်း   လုပ်ငန်း အနေဖြင့်    ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊     တိုင်းဒေသကြီး/  ပြည်နယ်အစိုးရအဖွဲ့များတွင်      ဖွဲ့စည်း ထားသည့်   အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Preven-tion Unit – CPU)များကလည်း မိမိတို့ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သေချာစွာ      အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက   အဂတိ လိုက်စားမှုများ    လျော့နည်းကျဆင်း လာပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူများ အကြား ယုံကြည်မှုကို ပိုမိုခိုင်မာလာမည် ဖြစ်ကြောင်း။


စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းအနေဖြင့် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏  အဂတိ လိုက်စားမှုကျုးလွန်ခြင်းကြောင့်   ဆုံးရှုံး နစ်နာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ် လျက်ရှိရာတွင် နိုင်ငံတော်အစိုးရဘက်မှ လည်း   အဂတိအမှုများကို   ကျောသား ရင်သားမခွဲခြားဘဲ  ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူရန် ညွှန်ကြားထား ပါကြောင်း၊   ကော်မရှင်အနေဖြင့်လည်း ဥပဒေနှင့်အညီ   ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ကို ပြန်လည် အပ်နှံခြင်း၊ နိုင်ငံပိုင်ငွေကြေး၊ ပစ္စည်းများ ဆုံးရှုံးနစ်နာမှုမရှိအောင်       ကာကွယ် ဆယ်တင်ပေးနိုင်ခဲ့ခြင်းများအပြင် ဥပဒေ နှင့်အညီ    ထိရောက်စွာ    တရားစွဲဆို အပြစ်ပေးအရေးယူသည့် အဆင့်အထိကို စနစ်တကျဆောင်ရွက်နေသည်ကို တွေ့ရှိ  ရကြောင်း။


အဂတိလိုက်စားမှု     တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်      စုံစမ်းစစ်ဆေး တရားစွဲတင်ဆောင်ရွက်ခဲ့သည့် အမှုများ မှ     ပြည်သူ့ဘဏ္ဍာသိမ်းဆည်းနိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုမှာ မြန်မာငွေကျပ်     ၂၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ   ၄ သန်းကျော်ရှိပြီး နိုင်ငံတော်ဘဏ္ဍာ      ဆုံးရှုံးမှုမရှိစေရေး ကာကွယ်နိုင်ခဲ့မှုမှာ မြန်မာငွေကျပ် ၁၅၅ ဘီလီယံကျော်နှင့် ယူရိုငွေ ၃ သန်းကျော် တို့အပြင်      နိုင်ငံတော်ကရရန်ရှိသည့် ငွေကြေး၊ ပစ္စည်း၊ အခွန်အခများကိုလည်း သက်ဆိုင်ရာကုမ္ပဏီများက   ပြန်လည် ပေးသွင်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်ကို  တွေ့ရှိရကြောင်း။


အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်


အဂတိလိုက်စားမှုသည်        နိုင်ငံ ဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသည့် အပြင် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ် ရေး၊ နိုင်ငံရေး၊   လူမှုရေး  ဖြစ်စဉ်များကို ထိခိုက်စေကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း များတွင်     နိုင်ငံတကာနှင့်    ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်   အာဆီယံ အဂတိလိုက်စားမှု       တိုက်ဖျက်ရေးအဖွဲ့  (ASEAN- Parties Against Corruption - ASEAN-PAC) ကဲ့သို့     ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး    အဖွဲ့ အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့်        လည်းကောင်း၊ နှစ်နိုင်ငံနားလည်မှု    စာချွန်လွှာ   MoU များ ရေးထိုးပြီးလည်းကောင်း ပူးပေါင်း ဆောင်ရွက်နေသည်ကို       တွေ့ရှိရကြောင်း။


ထို့ပြင်  ယခုနှစ်အတွင်းတွင်  နိုင်ငံ တကာ   ပူးပေါင်းဆောင်ရွက်မှု    အခန်း ကဏ္ဍကို    အရှိန်အဟုန်မြှင့်  ဆောင်ရွက် နိုင်ရန်   မြန်မာနိုင်ငံ   အဂတိလိုက်စားမှု တိုက်ဖျက်ရေး    ကော်မရှင်နှင့်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊     ရှေ့နေချုပ်ရုံးတို့ အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု  နားလည်မှုစာချွန် လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကိုရီးယားနိုင်ငံများနှင့်   MoU  လက်မှတ် ရေးထိုး ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရကြောင်း၊   ကော်မရှင်အနေ ဖြင့်      ရှေ့ဆက်ပြီး    နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု  အခန်းကဏ္ဍကို   တိုးမြှင့်ဆောင်ရွက်သွားရန်      မှာကြား လိုကြောင်း။     


အဂတိလိုက်စားမှုသည် ကောင်းမွန် သည့် အုပ်ချုပ်ရေးစနစ်ကို လျော့ပါးစေပြီး တရားဥပဒေစိုးမိုးရေးနှင့်     နိုင်ငံသား အခွင့်အရေးတို့ကို ခြိမ်းခြောက်လာစေပါ ကြောင်း၊ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စံတန်ဖိုးများ နှင့်    စိတ်ဓာတ်ပိုင်းဆိုင်ရာ   ခိုင်မာမှုတို့ အတွက်   အဟန့်အတားလည်း   ဖြစ်ပေါ် လာကြောင်း၊ ထို့ကြောင့် အဂတိလိုက်စား မှု အသိပညာပေးရေး၊ တားဆီးကာကွယ် ရေးနှင့်   တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်    အစိုးရဌာန/ အဖွဲ့ အစည်းများ၊   ပုဂ္ဂလိကကဏ္ဍများအပြင် ပြည်သူလူထု         တစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့်   တက်ညီလက်ညီ အတူတကွ   ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။


၂၀၂၃ ခုနှစ်    အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု    တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်      အခမ်းအနားမှစ၍   မြန်မာနိုင်ငံ  အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်၏  “အဂတိပယ်ခွာ ပြည် သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  နိုင်ငံတော်ငြိမ်းချမ်းသာယာ      ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊   အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက အဂတိလိုက်စား မှု အကျင့်ဆိုးကို လုံးဝလက်မခံ ဝိုင်းဝန်း တိုက်ဖျက်သည့် မူဝါဒ Zero Tolerance Policy ချမှတ်ပြီး အဂတိကင်းစင်သည့် လူ့ဘောင်ကို အတူတကွ ထူထောင်ကြပါ ရန် အလေးအနက် ဆန္ဒပြုတိုက်တွန်းပါ ကြောင်း ပြောကြားသည်။


ထို့နောက်       အဂတိလိုက်စားမှု  တိုက်ဖျက်ရေး        ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက   ကော်မရှင်၏    အဂတိ လိုက်စားမှု      တိုက်ဖျက်ရေးဆိုင်ရာ   ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်    ပိုစတာပြိုင်ပွဲနှင့် ဗီဒီယိုပြိုင်ပွဲတွင်   ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့် သည်။ 


ဆက်လက်၍      အဂတိလိုက်စားမှု တိုက်ဖျက်ရေး     ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု    တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်သည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ချုပ်သည် အခမ်းအနား တက်ရောက်လာ ကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု     တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှု ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု          မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။                  
သတင်းစဉ်