
နေပြည်တော် ဒီဇင်ဘာ ၈ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာ များကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင် အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအတွက် ထောပတ်ထမင်းဘူး များကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသားပေးပို့သည့် “နိုင်ငံ တော်ရဲ့ ပိုင်နက်နယ်မြေများနဲ့ အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်နေတဲ့ တပ်မတော် သားများ ဘေးအပေါင်းရန်အပေါင်းကို နှိမ်နင်း အောင်မြင်ကြပါစေ၊ တိုင်းပြည်ရန်စွယ်ဟူသမျှကို အမြစ်ပါမကျန် ချေမှုန်းနိုင်ကြပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်