ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းဟု ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေ

 

နေပြည်တော်   ဒီဇင်ဘာ   ၈ 
ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်သင်တန်းပေးရန် အတွက် ကျေးရွာတစ်ရွာလျှင် လူသုံးဦး စာရင်းပေးရန် ညွှန်ကြားသည်ဟု   ပုသိမ်မြို့နယ်အတွင်း  ကျေးရွာ မှ    ဒေသခံတစ်ဦးကပြောကြောင်း     တရားမဝင် ပြည်ဖျက်မီဒီယာ      Ayeyarwaddy Times   မှ ကောလာဟလ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။ 
အဆိုပါ     အကြောင်းအရာနှင့်     ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံ မေးမြန်းချက်အရ ဧရာဝတီတိုင်းဒေသကြီး    ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် အခြားမြို့နယ်များသို့ ပြည်သူ့ စစ်သင်တန်းပေးရန်အတွက် မည်သည့်ညွှန်ကြားချက် မှ ပေးထားခြင်းမရှိကြောင်းသိရှိရပြီး အများပြည်သူ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန်နှင့် အထင်အမြင်လွဲမှား စေရန်ရည်ရွယ်၍  တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများ လိမ်လည်ရေးသား ဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်