
ကျောက်ဆည် ဒီဇင်ဘာ ၈
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် မြို့ရှောင်လမ်း မင်းရပ်ရပ်ကွက်အနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ ဒီဇင်ဘာ ၈ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ဘက်မှ မောင်းနှင်လာ သော ဆီဘောက်ဆာတွဲကားတစ်စီး လမ်းချော်ပြီး 2TLR- 1209 နောက် တွဲတိမ်းမှောက်ကာ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ၊ မြို့မ ရဲစခန်းမှ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ ဝင်များနှင့်အတူ ခရိုင်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် များက ရေသယ်ယာဉ်နှင့် မီးသတ် ယာဉ် ရှစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ပေးခဲ့သည်။
ဖြစ်စဉ်မှာ ဟိုပင်မြို့ မြဇေယျာ ရပ်ကွက်မှ ယာဉ်မောင်း အောင်မျိုး လွင်သည် စက်သုံးဆီများ တင် ဆောင်လာသည့် ဆီဘောက်ဆာ နောက်တွဲယာဉ်ကို ရန်ကုန်ဘက်မှ မောင်းနှင်လာစဉ် ရန်ကုန်-မန္တလေး ကားလမ်း ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက်အနီး မြို့ရှောင်လမ်း ပေါ်၌ မိုးရွာသွန်းသဖြင့် လမ်း ချော်ကာ နောက်တွဲယာဉ်ပြုတ် ထွက်ပြီး လမ်း၏ယာဘက်သို့ တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှု ကြောင့် စက်သုံးဆီနောက်တွဲနှင့် ဓာတ်ဆီ (92) ၅၂၅၉ ဂါလန်၊ ဓာတ်ဆီ (95) ၈၁၈ ဂါလန်၊ ပရီမီယံ ဒီဇယ် ဂါလန် ၁၉၂၀ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ဆီဘောက် ဆာ တိမ်းမှောက်မီးလောင်မှု ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)