မြန်မာ-ထိုင်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး

 

တာချီလိတ်    ဒီဇင်ဘာ   ၇
စတုတ္ထအကြိမ်မြောက်   မြန်မာ-ထိုင်း (တာချီလိတ်-မယ်ဆိုင်) နယ်စပ်ဆက်ဆံ ရေးရုံး   အစည်းအဝေးကို    နှစ်နိုင်ငံမှ တာဝန်ရှိသူများ               တက်ရောက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ 1G1-11 ဟိုတယ် အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၆ ရက်က ကျင်းပပြီး  မြန်မာ- ထိုင်း နယ်စပ်ဒေသ   တည်ငြိမ်အေးချမ်း ရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရန် အပါအဝင်          အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင်     တာချီလိတ် နယ်စပ်ဆက်ဆံရေးရုံး       လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး ဇော်လင်းအောင်နှင့်    မယ်ဆိုင်နယ်စပ် ဆက်ဆံရေးရုံး ဥက္ကဋ္ဌ မယ်ဆိုင်မြို့ ခရိုင် အုပ်ချုပ်ရေးမှူး      Mr.  Narongphon  Kidan တို့က   အမှာစကားပြောကြား၍  နှစ်နိုင်ငံကိုယ်စားလှယ်များ အပြန်အလှန် မိတ်ဆက်ကာ   ထိုင်းနိုင်ငံသားများအား အရေးယူဆောင်ရွက်မှု၊  ထိုင်းနိုင်ငံသား တရားခံပြေးများ နယ်မြေအတွင်းစုံစမ်းမှု အခြေအနေများ၊ ထိုင်းနိုင်ငံသို့ တရားခံ ပြေးများ ပြန်လည်လွှဲပြောင်းပေးနိုင်မှု နှင့် ပြည်နှင်လွှဲပြောင်းပေးမှုအခြေအနေများ၊      နှစ်နိုင်ငံအကြောင်းကြားမှုအရ ကူညီစုံစမ်းပေးနိုင်မှု         အခြေအနေများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)        နယ်စပ် ဒေသတွင် အကြမ်းဖက်သောင်းကျန်းသူ များ၏  အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုများ       ဒုက္ခရောက်နေပြီး အကြမ်းဖက်   သောင်းကျန်းသူများသည် ပြည်သူလူထုများနှင့်      ရောနှောကာ မြန်မာနိုင်ငံဘက်မှ   ထိုင်းနိုင်ငံဘက်သို့ လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်ရန် ကြိုးစားနေသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံ လူဝင်/ထွက်မှုများအပေါ်   စောင့်ကြည့် စစ်ဆေး   ကြပ်မတ်ရမည်ဖြစ်ကြောင်းနှင့် မြန်မာ-ထိုင်း     နယ်စပ်ဒေသတည်ငြိမ် အေးချမ်းမှုကို           ပျက်ပြားစေမည့် မည်သည့်          အကြမ်းဖက်ကိစ္စမျိုးမဆို တားဆီးနိုင်ရန် နှစ်နိုင်ငံလက်တွဲပူးပေါင်း ဆောင်ရွက်သွားမည့်    ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ နှစ်ဖက်ဆွေးနွေးချက် များအပေါ်      နှစ်နိုင်ငံ   ကိုယ်စားလှယ် များက          မေးမြန်းဖြည့်စွက်ဆွေးနွေး ကြသည်။ 
ထို့နောက်    ပဉ္စမအကြိမ်မြောက် အစည်းအဝေးကျင်းပမည့်   နေ့ရက်နှင့် နေရာကို            လျာထားဆွေးနွေးကာ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ် ခြင်းနှင့်      စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးသို့            မြန်မာနိုင်ငံမှ တာချီလိတ်      နယ်စပ်ဆက်ဆံရေးရုံး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့်အတူ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး     ဦးကျော်ဇေယျ၊  ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး     ဒုတိယ ညွှန်ကြားရေးမှူး   ဦးသန့်ဇင်တို့   ပါဝင် သည့်   ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံဘက်မှ            မယ်ဆိုင်နယ်စပ် ဆက်ဆံရေးရုံးဥက္ကဋ္ဌ မယ်ဆိုင်မြို့ ခရိုင် အုပ်ချုပ်ရေးမှူး     ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ခဲ့​ကြောင်း သိရသည်။   ခရိုင် (ပြန်/ဆက်)