
နေပြည်တော် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီး ကျေးရွာများတွင် ဆေးပင်စင်ယူထားသည့် တပ်မတော် မှ အငြိမ်းစား ၅၀ ဦးထက်မနည်းကို လက်ရှိတိုက်ပွဲ ဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် ဒီဇင်ဘာ ၄ ရက် က ပမ္မဝတီရေတပ်မှ စစ်ကားများဖြင့် ခေါ်ဆောင် သွားကြောင်း မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံ များထံက သိရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ များမှ လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံ သတင်းတု၊ သတင်းအမှားများဖြန့်ဝေ ရေးသားလျက် ရှိပြီး အဆိုပါကျေးရွာများသို့ မည်သည့်တပ်မတော် သုံးမော်တော်ယာဉ်မျှ လာရောက်ခဲ့ခြင်းနှင့် ခေါ်ဆောင်သွားခြင်း လုံးဝမရှိကြောင်းနှင့် ပြည်သူ များ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ လိမ်လည် ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်