ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၇
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့  မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော် ဓမ္မာရုံ၌   ကျင်းပပြုလုပ်ရာ    အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ    အဘိဓဇမဟာရဋ္ဌဂုရု     ဘဒ္ဒန္တ တိလောကဘိဝံသ   အမှူးပြုသော   သံဃာတော်များ ကြွရောက်တော်မူကြပြီး     ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။    
ဦးစွာ  အခမ်းအနားကို  နမောတဿ   သုံးကြိမ် ရွတ်ဆို၍     အောင်မောင်း     ကိုးချက်တီးကာဖွင့် လှစ်သည်။ 
ထို့နောက်   ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး၏ ရာသက်ပန် နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး   သတိုးမဟာသရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  ထံမှ  ပေးပို့သော    သဝဏ်လွှာကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ နာယက က ဖတ်ကြားသည်။    
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)(ဗဟို) ဥက္ကဋ္ဌက (၁၀၃) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့နှင့်   စပ်လျဉ်း၍    ရှင်းလင်းပြောကြား သည်။ ယင်းနောက် အင်းစိန်ရွာမပရိယတ္တိစာသင်  တိုက်ကြီး၏    ဦးစီးပဓာန   နာယကဆရာတော်၏ အမျိုးသားအောင်ပွဲနေ့      သြဝါဒကို       နာယူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန်ရှိ သူများက   ဘွဲ့တံဆိပ်တော်  ရရှိတော်မူသော အဂ္ဂ မဟာ  မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ၁၁ ပါး၊   မဟာ မင်္ဂလဓမ္မ   ဇောတိကဓဇဘွဲ့   ၁၃ ပါး၊    မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့  ၃၄  ပါး၊  လူပုဂ္ဂိုလ် ၁၀၀ တို့အား မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို အသီးသီး ပေးအပ်ချီးမြှင့်ဆက်ကပ်ကြသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို အောင်မြင် စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်