ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
 

ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့် က ဝန်ကြီးဌာန၏ ရည်မှန်းချက် များနှင့်အညီ      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို     ပေါက် မြောက် အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်စေရန်နှင့်     တစ်ဦးချင်း လုပ်ငန်း     စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ရေးသင်တန်းများကို    နှစ်စဉ် ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း၊ မိမိတို့   ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို   အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကြီးကြပ်ကွပ်ကဲခံရမှု အနည်းဆုံး ဖြင့်    အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊   ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏   တစ်ဦးချင်း  စွမ်းဆောင် ရည်များ     တိုးတက်လာစေရေး အတွက် စဉ်ဆက်မပြတ် လေ့လာ ကြရမည်ဖြစ်ပြီး     သင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ် များသာမက ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ     ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်    ဒုတိယဝန်ကြီး ဦးရဲတင့်က         သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား များကိုယ်စား        သင်တန်းသား ခေါင်းဆောင်အား ပေးအပ်သည်။


အဆိုပါသင်တန်းသို့    ပြည် ထောင်စုနယ်မြေ   နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာန ခရိုင်ရုံးများမှ ဦးစီးအရာရှိ ၃၁ ဦး တက်ရောက်ခဲ့ကြပြီး   သင်တန်း တွင်  စီမံခန့်ခွဲရေးနှင့် ငွေစာရင်း  ဆိုင်ရာလုပ်ငန်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင် စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေဘာသာရပ်၊   ရုံးလုပ်ငန်း လက်စွဲဘာသာရပ်၊    ဘဏ္ဍာရေး စည်းမျဉ်းဘာသာရပ်၊  ငွေစာရင်း ထိန်းသိမ်းနည်း    ဘာသာရပ်၊ ဝန်ထမ်းရေးရာနှင့်     ပြင်/ထိန်း လုပ်ငန်းများ ဘာသာရပ်နှင့်စာရင်း စစ်ကန့်ကွက်ချက် မဖြစ်ပေါ်စေ ရေး   ဘာသာရပ်များ၊    ပြည်သူ့ စာကြည့်တိုက် လုပ်ငန်းများအား     ခေတ်စနစ်နှင့်အညီ ဝန်ဆောင်မှု ပေးနိုင်ရန် ပြည်သူ့စာကြည့်တိုက် စီမံခန့်ခွဲရေးလုပ်ငန်းများ ဘာသာ ရပ်၊ Digital library Management System အသုံးပြုနည်းဘာသာရပ်၊ မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ     သိနားလည်မှု  (MIL) ဘာသာရပ်၊ Talk Show ဗီဒီယို နှင့်    သတင်းဗီဒီယို    တည်းဖြတ် ခြင်းဘာသာရပ်နှင့်  လူမှုမီဒီယာ အကြောင်း သိကောင်းစရာဘာသာ ရပ်၊    သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဘာသာရပ်နှင့်       ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း   ဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့်    နည်း ဥပဒေဘာသာရပ်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုကြီးကြပ်ရေး  လုပ်ငန်းများ စသည့်   ဌာနခွဲများ၏  လုပ်ငန်း များဆိုင်ရာ   ဘာသာရပ်များကို နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ       စာတွေ့၊    လက်တွေ့ သင်ကြား  ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း   သိရသည်။


ဟိန်းသူအောင်(ပြန်/ဆက်)