၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (ပထမ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေ၀သခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ
နိုဝင်ဘာ (တတိယ) ရက်ပတ်အတွင်း  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသော လေဖိအား နည်းရပ်ဝန်းသည်    ဒီဇင်ဘာ   (ပထမ)     ၁၀   ရက်ပတ်အတွင်း ဆိုင်းကလုန်းမုန်တိုင်းအဖြစ်သို့     ပိုမိုအားကောင်းလာနိုင်ပါသည်။ ထို့အပြင်  ကပ္ပလီပင်လယ်ပြင်နှင့်   ဘင်္ဂလားပင်လယ်အော်တို့တွင် ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ထပ်မံ၍     ဖြစ်ပေါ်နိုင်ပါသည်။         ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင် ပါသည်။ 
မိုးရွာသွန်းနိုင်မှုအခြေအနေ
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်း မြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 
အမြင့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်နှင့်  ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် ၆၆ ဒီဂရီ ဖာရင်ဟိုက်မှ ၇၆ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင်  ၇၇ ဒီဂရီဖာရင်ဟိုက်မှ ၈၇  ဒီဂရီဖာရင်ဟိုက်အတွင်းနှင့်  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊    ရခိုင်ပြည်နယ်၊   ကရင်ပြည်နယ်နှင့်     မွန်ပြည်နယ် တို့တွင်   ၈၈  ဒီဂရီဖာရင်ဟိုက်မှ  ၉၈ ဒီဂရီဖာရင်ဟိုက်အတွင်း    ရှိနိုင် ပါသည်။ 
အနိမ့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်တွင် ၃၅ ဒီဂရီဖာရင်ဟိုက်ခန့်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်   ၅၁   ဒီဂရီ ဖာရင်ဟိုက်မှ  ၆၁ ဒီဂရီဖာရင်ဟိုက် အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊    မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် ၆၂ ဒီဂရီ ဖာရင်ဟိုက်မှ  ၇၂ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
လေထုစိုထိုင်းဆအခြေအနေ
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆၀ ရာခိုင်နှုန်းမှ ၇၁ ရာခိုင်နှုန်းအတွင်း၊  စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်  ၇၂ ရာခိုင်နှုန်းမှ  ၈၃ ရာခိုင်နှုန်းအတွင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊    ချင်းပြည်နယ်၊    ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ၈၄ ရာခိုင်နှုန်းမှ  ၉၅ ရာခိုင်နှုန်း အတွင်း အသီးသီးရှိနိုင်ပါသည်။ 
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊   ချင်းပြည်နယ်၊   ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် (၁၉ မီလီမီတာ)  မှ (၂၈ မီလီမီတာ) အတွင်း၊  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊   မကွေး တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)နှင့်  ရခိုင်ပြည်နယ်တို့တွင် (၂၉ မီလီမီတာ) မှ (၃၈  မီလီမီတာ) အတွင်းနှင့်   ရန်ကုန်တိုင်းဒေသကြီး၊     တနင်္သာရီ တိုင်းဒေသကြီး၊    ကရင်ပြည်နယ်နှင့်    မွန်ပြည်နယ်တို့တွင်    (၃၉  မီလီမီတာ) မှ (၄၈  မီလီမီတာ) အတွင်း အသီးသီးရှိနိုင်ပါသည်။ 
မြေဆီလွှာအောင်းရေအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (စိုစွတ်) အခြေအနေနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိနိုင်ပါသည်။                                                  မိုး/ဇလ