နယ်စပ်ဒေသများ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဒီဇင်ဘာ     ၂
နိုင်ငံတော်အစိုးရအနေဖြင့်   နယ်စပ်ဒေသ များအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ  လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ        ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး    သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့     လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၂၅၈ ဦး၊ အမျိုး သမီး   ကိုးဦး    စုစုပေါင်း ၂၆၇ ဦးကို  စိစစ် ဖော်ထုတ်ရရှိခဲ့ပြီး  ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၅၉၇ ဦး၊ အမျိုးသမီး ၁၁၈၇ ဦး စုစုပေါင်း ၁၀၇၈၄ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ   လိုအပ်သည့်  စိစစ်ခြင်းများ ဆောင်ရွက်ကာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင် ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသ များမှ တရားမဝင် ဝင်ရောက်နေထိုင်လျက် ရှိသည့်    ပြည်ပနိုင်ငံသားများအား   စိစစ် ဖော်ထုတ်ခြင်းနှင့်    ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်