ပဲခူးတိုင်းဒေသကြီး ရေတာရှည်နှင့် ဝေါမြို့နယ်တို့၌ ပြည်သူ့စစ်များ လူသစ်ရှာနေသည်ဟု တရားမဝင်မီဒီယာ တစ်ခုဖြစ်သည့် Myanmar Now မှ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ    ၂ 
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်နှင့် ဝေါမြို့နယ်တို့၌  ပြည်သူ့ စစ်များက   တပ်ဖွဲ့ဝင်သစ်များ ရှာဖွေစုဆောင်းရန် ကျေးရွာအုပ်ချုပ်ရေး မှူးများကို စေခိုင်းနေပြီး   ၎င်းတို့နှင့်နီးစပ်သည့်   လူငယ်များအား စစ်ကြောင်းထိုးသည့်အချိန်   စည်းရုံးခြင်းနှင့် ခေါ်မရပါက   အုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်းများအား   လုံခြုံရေးအတွက်   လူစုရန်ဖိအားပေးခြင်း  တို့ကို လုပ်ဆောင်လျက်ရှိသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ် မမှန်သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ    ပြည်သူစစ်တပ်ဖွဲ့ဝင်များ သည်   အကြမ်းဖက်သမားများ၏    ဖျက်ဆီးမှုများကိုခုခံပြီး နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ မိမိတို့၏  မြို့၊ ရွာများကို  စောင့်ရှောက်လိုစိတ်များ ကြောင့် တပ်မတော်နှင့်အတူ    လက်တွဲပူးပေါင်းကာကွယ်နေခြင်းကို တရားမဝင်  ပြည်ဖျက်မီဒီယာများက   ဒေသခံပြည်သူများအနေဖြင့်    ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များအပေါ်  အထင်အမြင်  လွဲမှားလာစေရန်အတွက်  လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊  သတင်းအမှားများ ယခုကဲ့သို့     ရည်ရွယ်ချက်ရှိရှိ   ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။     
သတင်းစဉ်