နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ) နှင့် မြန်မာနိုင်ငံ တပ်မတော်(ရေ)တို့မှ ရေပြင်ရန်ကာကွယ်ရေး၊ 
ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်မှုအခြေအနေ၊
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ၊
၂-၁၂-၂ဝ၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊
လောက်ကိုင်တွင် သွားရောက်အလုပ်လုပ်ကိုင်၍ ပြန်လာသူများအား MNDAA မှ အတင်းအဓမ္မစစ်သားစုဆောင်းနေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
 

ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ  လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက်ရောက်ရှိနေတဲ့   တရုတ်နိုင်ငံကစစ်ရေယာဉ်များနဲ့   မြန်မာနိုင်ငံက စစ်ရေယာဉ်များဟာ မနေ့က ညနေကတည်းက ပူးပေါင်းရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါတယ်။ ဒီမနက်မှာတော့ ရေပြင် ရန် ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ် ရေးလေ့ကျင့်ခန်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ လေ့ကျင့် ခန်းပြုလုပ်တဲ့နေရာကတော့    ရဲတံခွန်ရေနံမြေရဲ့   မြောက်ဘက် ပင်လယ်ပြင်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အားလုံးရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်း အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။ 


နယ်စပ်ဒေသတွေမှာ     တရားမဝင်   ဝင်ရောက်နေထိုင်နေတဲ့ သူများကို  လွှဲပြောင်းမှုနဲ့ပတ်သက်ပြီး ဒီနေ့မှာ အမျိုးသား ၂၅၈ ဦး၊ အမျိုးသမီး ၉ ဦး၊ ပေါင်း ၂၆၇ ဦးကိုလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ စုစုပေါင်း ၁၀၇၈၄ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအနေနဲ့ အစိုးရချင်း၊ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက် မှုများ နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ 


ဒီနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများအနေနဲ့ကတော့ ရှမ်းပြည် နယ် (မြောက်ဘက်ပိုင်း) မှာတော့   ၁၀၅  မိုင်မှာ Drop Bomb နဲ့ တိုက်ခိုက်မှုများရှိခဲ့ပါတယ်။  လောက်ကိုင်မှာတော့ လောက်ကိုင်မြို့ရဲ့အရှေ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ဒီမနက် ပိုင်းမှာတော့    လားရှိုးနဲ့  သီပေါကြားမှာ   ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က စဉ့်အင်တံတားကို TNLA အကြမ်း ဖက်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ကယားပြည်နယ်ဘက်မှာတော့   မိုးဗြဲနေရာတစ်ဝိုက်မှာ  ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။        ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်မှာ ဒီနေ့မနက်စောစောပိုင်းကစပြီး မြို့နဲ့ပတ်ဝန်းကျင် ငါးနေရာလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ဒီညနေ ပိုင်းမှာတော့ အဝေးကနေပစ်ခတ်မှုပဲရှိပါတော့တယ်။ အဲဒီမှာလည်း ရန်သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိတာ  များပြားတယ်လို့သိရပါ တယ်။ မနေ့ကညကတော့ ကော့ကရိတ်မြို့ကို လာရောက်တိုက်ခိုက်တဲ့  ရန်သူများကို  ကျွန်တော်တို့ဘက်က  ခြေလျင်တပ်များနဲ့ လေယာဉ် ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ကျဆုံးမှုများပြားပြီး တချို့လူနာတွေ ကို     တစ်ဖက်နိုင်ငံအထိပို့ပြီး     ဆေးကုသမှုခံယူနေတယ်ဆိုတဲ့ အကြောင်းသိရပါတယ်။ အကြမ်းဖက်  သောင်းကျန်းသူများအနေနဲ့ တရုတ်နိုင်ငံနှင့်  မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီး မန္တလေး-မူဆယ် လမ်းပိုင်းမှာရှိတဲ့ လမ်းတွေ၊ တံတားတွေ၊ ရေကျော်နေရာတွေ ဒီနေရာတွေကို တံတားများချိုးတာတွေ၊ လမ်းတွေ မှာ ကျင်းတွေတူးပြီးတော့ သွားလို့လာလို့မရအောင် လုပ်တာတွေ ဒါတွေကို အမြဲတမ်းဆောင်ရွက်နေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် လောက်ကိုင်မှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ လူတွေရှိပါတယ်။

ပြန်လာတဲ့အခါမှာလည်း အရွယ်ကောင်းတွေဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြားမှာရှိတဲ့ လူငယ်တွေကို ပြန်လွှတ်မပေးဘဲနဲ့ MNDAA အနေနဲ့ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းနေတယ်ဆိုတဲ့ သတင်း  များလည်းရရှိပါတယ်။ အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအာင်းတွေ ကိုစုဆောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ သူတို့အနေနဲ့ ဒီမိုကရေစီအရေးပြီးရင် ဖက်ဒရယ်အရေးလို့ အမည်တပ်ထားပေမယ့် သူတို့လုပ်ကိုင်နေတာတွေသည် အလုံးစုံပျက်သုဉ်းရေး၊ ပြည်သူတွေ ရဲ့ စီးပွားရေးကိုအဓိကထိခိုက်စေတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို အဓိကထိခိုက်တဲ့လုပ်ငန်းတွေ  လုပ်ဆောင်နေတဲ့အပြင်  အခုနောက် ပိုင်းမှာ အတင်းအဓမ္မ  စစ်သားစုဆောင်းမှုပါ   လုပ်ဆောင်နေကြောင်း   သိရပါတယ်။   ဒါတွေကို   ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးအနေနဲ့  ဝိုင်းဝန်းပြီးတိုက်ဖျက်သွားရမှာဖြစ်ပါတယ်။ ဒါမှမလုပ်နိုင်ဘူးဆိုရင်  တိုင်းရင်းသားဒေသတွေမှာ ယခင်တုန်းကလိုပဲ စစ်ဘုရင်ဝါဒ ထပ်မံ ကြီးစိုးလာဦးမှာဖြစ်ပါတယ်။  လက်နက်အားကိုးပြီး  လက်နက်နဲ့ အနိုင်ကျင့်တဲ့ကိစ္စတွေ    ထပ်မံပေါ်ပေါက်လာဦးမှာ    ဖြစ်ပါတယ်။    အားလုံးကို ကျေးဇူးတင်ပါတယ်။