
နေပြည်တော် ဒီဇင်ဘာ ၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ပဲခူးမြို့ မြို့မဈေးတွင် ပဲခူးတိုင်းဒေသကြီး MSME Agency မှ ခင်းကျင်းပြသရောင်းချလျက်ရှိသည့် MSME ထုတ်ကုန်ပြခန်းနှင့် အရောင်းစင်တာများကို ကြည့်ရှုစစ်ဆေးပြီး(ယာပုံ) ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး၊ ဆွဲဆောင်မှုရှိသည့်ထုပ်ပိုးမှုစနစ် ဖြစ်အောင် ဆောင်ရွက်ရေးနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ် များက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်း များအခြေအနေ၊ ဈေးကွက်ရရှိရေးဆောင်ရွက်ပေးခဲ့မှု၊ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ က စက်မှုဇုန်များ၊ စက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ဘွိုင်လာများအား စစ်ဆေးပေးနေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများ ထူထောင်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး စနစ်တကျစစ်ဆေး ရမည်ဖြစ်ကြောင်း၊ စက်စွမ်းအားပြည့် လည်ပတ် အသုံးပြုနိုင်ရေး လျှပ်စစ်နှင့် ရေနွေးငွေ့သုံးစွဲမှုများကို အမြဲမပြတ်စစ်ဆေးရန်နှင့် အသိပညာပေးဆွေးနွေးပွဲ များ ကျင်းပရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ စက်မှုဇုန်များ၊ စက်မှု လုပ်ငန်းများ၊ လျှပ်စစ်၊ ဘွိုင်လာများအား စစ်ဆေး ခြင်း၊ ကြပ်မတ်ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ထိန်းကျောင်းကြပ်မတ်သည့် လုပ်ငန်း စဉ်များကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိန်းကျောင်းကြပ်မတ်သည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်နေသည့် ပညာရှင်ဝန်ထမ်း များသည် ဝန်ထမ်းများလိုက်နာရမည့် ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်တို့ကို လိုက်နာ ရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ ပညာရပ်ကောင်စီ အသီးသီးမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ ကျင့်ဝတ် များကိုလည်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင် ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်