ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း မိတ္ထီလာပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသမှု ကြည့်ရှုအားပေး

 

နေပြည်တော်  ဒီဇင်ဘာ  ၂ 


ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းသည်   မန္တလေးတိုင်းဒေသကြီး ကုသရေး နှင့်   ပြည်သူ့ကျန်းမာရေး   ဦးစီး ဌာနမှူး   ဒေါက်တာ  ဝင်းနိုင်နှင့်   တာဝန်ရှိသူများနှင့်အတူ       ယနေ့ တွင်   မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌   မန္တလေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနနှင့်     သွားဘက်ဆိုင်ရာ   ဆေးတက္ကသိုလ် -  မန္တလေးတို့ ပူးပေါင်းဆောင်ရွက်နေသည့် နှုတ် ခမ်းကွဲ၊  အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးနေမှုကို  ကြည့်ရှု အားပေးပြီး    ခွဲစိတ်ကုသမှုခံယူ မည့်လူနာများအား    အာဟာရ နှင့်   ထောက်ပံ့ငွေများ    ပေးအပ် သည်။


အဆိုပါ       ခွဲစိတ်ကုသမှုကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး လူနာ ၂၉ ဦးကို  မိတ္ထီလာမြို့ပြည်သူ့ဆေးရုံ ကြီး၌ ခွဲစိတ်ကုသမှုပေးလျက်ရှိ ကာ   ကျန်ရှိလူနာ   ၁၁   ဦးကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေးမြို့၌ ခွဲစိတ်ကုသမှုများ ဆက်လက်  ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်