တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အစီအစဉ် စတုတ္ထအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသို့ သင်တန်းသား ၄၀ စေလွှတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၂   


အိန္ဒိယနိုင်ငံ  မတ်ဒရာပရာဒက်ရှ် ပြည်နယ်  ဘိုပါးမြို့ရှိ   အမျိုးသား တရားစီရင်ရေး        အကယ်ဒမီ (National Judicial Academy-NJA) တွင် ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ စတုတ္ထအကြိမ်မြောက် အဖြစ် ဖွင့်လှစ်မည့် “တရားသူကြီး များနှင့်    တရားရေးအရာရှိများ အတွက် စွမ်းဆောင်ရည်မြှင့်တင် မှု     သင်တန်းအစီအစဉ်”     သို့ တက်ရောက်ရန်      ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ    ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိ များနှင့်    တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့်     မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာ ရှိများ ပါဝင်သည့် သင်တန်းသား ၄၀ သည် ယနေ့ နံနက် ၇ နာရီ ၂၅  မိနစ်တွင်   လေကြောင်းခရီး ဖြင့်   ရန်ကုန်မြို့မှ   အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။    


အဆိုပါသင်တန်း၌ သင်တန်း သားများသည် အိန္ဒိယနိုင်ငံဖွဲ့စည်း ပုံအခြေခံဥပဒေ၊   အိန္ဒိယနိုင်ငံ တရားစီရင်ရေးစနစ်၊ တရားသူကြီး ကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံးစီမံခန့်ခွဲမှု၊ သက်သေခံ ဥပဒေ၊     တရားရုံးနည်းပညာ၊ တရားမနှင့် ရာဇဝတ်ဥပဒေများ၊ ဥပဒေရေးရာဆေးပညာ၊ တရားမ ကျင့်ထုံးဥပဒေနှင့်      တရားမမှု စစ်ဆေးခြင်း၊   အခြားနည်းလမ်း ဖြင့်   အငြင်းပွားမှုဖြေရှင်းခြင်းတို့ ကို လေ့လာသင်ယူခွင့်ရရှိကြမည့် အပြင်    လေ့လာရေးခရီးအဖြစ် အိန္ဒိယနိုင်ငံ  ဘိုပါးမြို့ရှိ   တရား ရုံးများ၊      ယဉ်ကျေးမှုပြတိုက်၊ တိုင်းရင်းသားများပြတိုက်၊  လှေ လှော်အသင်းနှင့်     ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု    အမွေအနှစ် စာရင်းဝင်ပုထိုးတော်ကြီး တည်ရှိ ရာနေရာ  ဘိုပါး၊ ဆန်းချီမြို့တို့သို့ လေ့လာခွင့်ရရှိမည်ဖြစ်သည်။


အဆိုပါ  သင်တန်းအစီအစဉ် သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ အမျိုးသား တရားစီရင်ရေး    အကယ်ဒမီတို့ အကြား ၂၀၁၈ ခုနှစ်တွင် လက်မှတ် ရေးထိုးထားသည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့်  တရားရေး အရာရှိများကို   အိန္ဒိယနိုင်ငံသို့ စေလွှတ်၍   သင်တန်းပေးခြင်း နှင့်  စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စေလွှတ်ခြင်းဖြစ်ပြီး ယခု စတုတ္ထ အကြိမ်သင်တန်း အပါအဝင် စုစု ပေါင်း သင်တန်းသား ၁၆၀စေလွှတ် ခဲ့ပြီးဖြစ်သည်။           

သတင်းစဉ်