
နေပြည်တော် ဒီဇင်ဘာ ၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစား လောကအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ “၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်း လမ်းလျှောက်ပွဲ”ကို ယနေ့နံနက် ၅ နာရီ ၄၅မိနစ်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း အင်အား ၄၀၀၀ ခန့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင် ဆင်နွှဲကြသည်။
ဒီဇင်ဘာလူထုအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက် ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်း ကြောင်းများအတိုင်း ဂိတ် (A) ရှေ့အထိ ပျော်ပျော် ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁) ၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့် ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစု ဝင်များပါ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်