ဘွဲ့ရပြီးစလူငယ်များ လုပ်ငန်းခွင်အတွေ့အကြုံများရရှိနိုင်မည့် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ပေးအပ်သွားမည်

 

ရန်ကုန်  ဒီဇင်ဘာ  ၁  
မြန်မာနိုင်ငံတွင် ဘွဲ့ရပြီးစလူငယ် များ    ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းခွင်      အတွေ့အကြုံနှင့်  ထိုက်သင့်သော      လစာဖြင့် လုပ်ကိုင်နိုင်မည့်    အခွင့်အလမ်း များကို “Fresh Graduate Hiring Program 2023” တွင်  ပေးအပ် သွားမည်ဖြစ်ကြောင်း    မြန်မာ့ ဆက်သွယ်ရေး    အော်ပရေတာ အမ်ပီတီမှ သိရသည်။
“Fresh Graduate Hiring Program 2023” တွင် လူငယ် ၆၀ ကို     ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော လူငယ်များသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် စတင်မည့် အလုပ်သင်အစီအစဉ် (Internship  Program)  တွင် အလုပ်သင်ဝန်ထမ်းများ    အဖြစ် သုံးလတာ ပါဝင်ခွင့်ရရှိမည်ဖြစ်၍  လုပ်ငန်းခွင်ဆိုင်ရာ  ကျွမ်းကျင်မှု ပညာရပ်များကို လေ့လာသင်ယူ ခွင့် ရရှိမည်ဖြစ်သည်။ 
ထို့အပြင် အလုပ်သင်ဝန်ထမ်း များ၏    ကျွမ်းကျင်မှုကို     ပိုမို အဆင့်မြှင့်တင်      ပေးနိုင်ရန်  ဆက်သွယ်ရေးအကြောင်း  သိမှတ် ဖွယ်ရာများ၊      လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား၊ လုပ်ငန်း ခွင်သုံး Microsoft Application ကျွမ်းကျင်မှု၊        လုပ်ကိုင်နိုင်မှု စွမ်းရည် (presentation နှင့် ဆက်ဆံရေး) နှင့် နည်းပညာပိုင်း ဆိုင်ရာ       ကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အလုပ်သင် သုံးလတာ ပြီးဆုံးချိန်၌  အရည်အချင်း ပြည့်မီသူများအား ရွေးချယ်ကာ       အမ်ပီတီတွင် အလုပ်လုပ်ကိုင်နိုင်ရန် ကမ်းလှမ်း သွားမည်သည်။
ရွေးချယ်ခံရသူများအနေဖြင့်  အိုင်တီနည်းပညာ    လုပ်ငန်းများ၊ ဆက်သွယ်ရေးကွန်ရက်   စီမံထိန်း သိမ်းမှုနှင့်  တည်ဆောက်မှုဆိုင်ရာ  နည်းပညာလုပ်ငန်းများ၊   ဘဏ္ဍာ  ရေးဆိုင်ရာလုပ်ငန်းများ   လူ့စွမ်း အားအရင်းအမြစ်ဆိုင်ရာ လုပ်ငန်း  များ၊ Brand and Advertising နှင့် Business  Intelligence  စသည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းတို့တွင် မိမိတို့၏ သင်ကြားတက်ရောက် ထားသည့်   ဘာသာရပ်များအပေါ် မူတည်၍      ပါဝင်ခွင့်ရရှိမည်ဖြစ် သည်။ “Fresh Graduate Hiring Program 2023”  တွင်  ပါဝင်မည့် သူများသည် ၂၀၂၃ ခုနှစ်  ဒီဇင်ဘာ ၁၇  ရက် နောက်ဆုံးထား၍ ဝင်ရောက်    လျှောက်ထားရမည် ဖြစ်ပြီး    တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော https://www.mpt.com.mm တွင် လည်းကောင်း၊ 106 Call Center သို့ ခေါ်ဆို၍ လည်းကောင်း မေးမြန်းနိုင်ကာ  မိမိသိရှိလိုသည်များကို တိုက်ရိုက် ဖြေကြားပေးမည့်    Chatbot ဝန်ဆောင်မှုများကိုလည်း MPT4U အက်ပလီကေးရှင်းနှင့် MPT Viber တို့တွင်လည်း   စုံစမ်းမေးမြန်းနိုင် ကြောင်း သိရသည်။  အောင်သန်းဦး