
နေပြည်တော် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင် ကင်းပုန်းဝပ်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီအချိန် မိုင်းသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု တရားမဝင် ပြည်ဖျက် မီဒီယာ ရန်ကုန်ခေတ်သစ်မှ မဟုတ်မမှန် သတင်းတု သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည် ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာမြို့နယ်ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ အဆိုပါကျောင်းတွင် မိုင်းပေါက်ကွဲမှုမရှိကြောင်း၊ တပ်မတော်မှ ဝင်ရောက်တပ်စွဲထားသည်မှာလည်း မဟုတ် မှန်ကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ မဟုတ်မှန် ကောလာဟလ သတင်းတု သတင်း မှားများကို ဖန်တီးရေးသား ဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်