နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ
မြန်မာနိုင်ငံ တပ်မတော်(ရေ) စစ်ရေယာဉ်များ ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်မှုအခြေအနေ
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
၁-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ 
ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကို အားပေး
လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ကျွန်တော်တို့    မြန်မာနိုင်ငံကို   ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေတဲ့   တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်တော်(ရေ) က  စစ်ရေယာဉ်များဟာ  ဒီနေ့ညနေပိုင်းမှာတော့  မြန်မာနိုင်ငံက စစ်ရေယာဉ်များနဲ့အတူ   ပင်လယ်ပြင်မှာ  လေ့ကျင့်ရေးဆောင်ရွက် မယ့်  ဧရိယာကိုထွက်ခွာပြီး   ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့် ရေးလုပ်ငန်း   စတင်ဆောင်ရွက်လျက်ရှိပါတယ်။   မနက်ဖြန်အထိ လေ့ကျင့်မှာဖြစ်ပါတယ်။   အဲဒီမှာတော့    ဝေဟင်ရန်၊   ရေပြင်ရန်၊ ရေအောက်ရန်    ကာကွယ်ရေးလေ့ကျင့်ခန်းများ   အတူပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ချစ်ကြည်ရေးအလည် အပတ်ရောက်ရှိတဲ့အချိန်မှာလည်း ရန်ကုန်မြို့က  အထင်ကရနေရာ တွေကို   လှည့်လည်လေ့လာတာတွေ၊    နှစ်နိုင်ငံ    ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေပြုလုပ်တာတွေ၊  နှစ်နိုင်ငံသင်္ဘောများ  အပြန် အလှန်လည်ပတ်တာတွေ  ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ  အစိုးရချင်း၊  တပ်မတော်ချင်း ဆက်သွယ်ဆက်ဆံရေးခိုင်မြဲအောင်မြင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ 
ဒီနေ့ နယ်စပ်ဒေသတွေမှာတော့ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၃၅ ဦးကို တရုတ်နိုင်ငံက  တာဝန်ရှိသူများထံ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံး ၁၀၅၁၇ ဦးရှိပြီး ဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို နှစ်နိုင်ငံတာဝန်ရှိသူ များအနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါ တယ်။ 
တိုက်ပွဲဖြစ်စဉ်များအနေနဲ့  ရှမ်းပြည်နယ်  (မြောက်ပိုင်း)  မှာ လောက်ကိုင်မြို့ကို MNDAA အကြမ်းဖက်သောင်းကျန်းသူများ အနေနဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်မှုဆောင်ရွက်ခဲ့ပါတယ်။ ကယားပြည်နယ် ဘက်မှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ Drop Bomb နဲ့  လာရောက်ချခဲ့တာရှိပါတယ်။ ကရင် ပြည်နယ်ဘက်မှာတော့ ဒီနေ့မှာ ကော့ကရိတ်မြို့ရဲ့နေရာ ရှစ်နေရာကို KNU ၊ PDF  အကြမ်းဖက်အဖွဲ့တွေက  ဝင်ရောက်တိုက်ခိုက်တာရှိပါ တယ်။ ဒီနေရာမှာတော့ တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU ၊ PDF အဖွဲ့က ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။   ကော့ကရိတ်မြို့ရဲ့    အခြေအနေကတော့    ခုချိန်မှာ ချောင်းမြောင်းပစ်ခတ်တာ၊ အဝေးမှ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုး ပဲ ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ထရွန်အိုင်စခန်းကို Drop Bomb များနဲ့ လာရောက်တိုက်ခိုက်တာရှိပါတယ်။ 
ဒီနေ့မှာတော့ အမျိုးသားဒီမိုကရေစီပါတီသစ်က ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေတဲ့ ဦးသန်းထွန်းကို ရန်ကုန်မြို့မှာ   PDF  အကြမ်း ဖက်အဖွဲ့က   ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကို   တွေ့ရပါတယ်။ ဒီ အမျိုးသားဒီမိုကရေစီပါတီသစ်ဆိုတာသည်  ယခင်ကတည်းက၊ တပ်မတော်အစိုးရလက်ထက်ကတည်းက တပ်မတော်နဲ့ အတိုက်အခံ ပြုလုပ်ပြီးတော့ ဒီမိုကရေစီအရေးကို ကြိုးပမ်းတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါ တယ်။ သို့သော် ဒီအချိန်မှာ အမြင်မတူတာနဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး သတ်ဖြတ်တဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ မှာ ဖော်ဆောင်တဲ့လမ်းကြောင်းတွေ၊ အယူအဆတွေ၊ အတွေးအခေါ် တွေ အမျိုးမျိုးရှိမှာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ   ငါယူဆတဲ့လမ်းကြောင်း၊   ငါလုပ်ကိုင်တဲ့ဟာပဲ မှန်တယ်၊ ငါနဲ့ မတူ ငါ့ရန်သူလို့ သ‌ဘောထားတာသည် မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို များစွာအနှောင့်အယှက်ဖြစ်စေ ပါတယ်။ ကျွန်တော်ပြောခဲ့ သလိုပါပဲ။ မဲမသမာမှုကြောင့် တပ်မတော် ကနေ  တာဝန်ယူခဲ့ရတယ်။ မဲမသမာမှုကိုလည်း လုပ်ခဲ့တယ်။ တရား ဥပဒေအရ   ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ပြောခဲ့တယ်။    တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ   အကြမ်းဖက်လမ်းစဉ်ကို  ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ NUG ၊ PDF အဖွဲ့တွေအနေနဲ့ နေရာမျိုးစုံ၊ မီဒီယာမျိုးစုံ ကနေပြီး သူတို့နဲ့ အတွေးအခေါ် မတူတဲ့သူမှန်သမျှကို ဆန့်ကျင်ဖို့၊ သတ်ဖြတ်ဖို့    အမြဲတမ်းလှုံ့ဆော်နေတာ    တွေ့ရမှာ   ဖြစ်ပါတယ်။ ကျွန်တော်တို့   မြန်မာနိုင်ငံ  ပြည်သူလူထုအနေနဲ့  စဉ်းစားကြည့်ပါ။ ဒီလိုမျိုး အတွေးအခေါ်မျိုးရှိတဲ့သူတွေဟာ ကျွန်တော်တို့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီစနစ်၊ ကျွန်တော်တို့ ပြည်သူလူထုလိုလားနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဒီလက်နက်ကိုင်အကြမ်းဖက် သူတွေက တည်ထောင်ပေးမယ်လို့ ယုံကြည်ပါသလား၊ ယုံကြည်တယ် ဆိုရင် ဒီလောက်မိုက်မဲတဲ့ ယုံကြည်မှုမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောလိုပါတယ်။  ဒီမိုကရေစီစနစ်ဆိုတာသည်   ပြည်သူ လူထုရဲ့ဆန္ဒကို အကြမ်းဖက်တဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်းမပါဘဲနဲ့ ဖော်ဆောင်ရတဲ့  စနစ်ဖြစ်ပါတယ်။  ပြည်သူလူထုကနေ  ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေက   ဒီမိုကရေစီနည်းလမ်းတကျရှိနေတဲ့  တရား ဥပဒေတွေရဲ့ နည်းလမ်းတကျနဲ့ ဖော်ဆောင်ရတာမျိုးဖြစ်ပါတယ်။ ဒါမှသာလျှင် အောင်မြင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လက်နက် ကိုင်အကြမ်းဖက်လမ်းစဉ်ကို အားပေးနေတယ်ဆိုရင် မိမိရဲ့စိတ်ထဲမှာ တကယ်ရော    ဒီမိုကရေစီလိုချင်တာလားဆိုတဲ့    ဆန်းစစ်မှုမျိုး ဆန်းစစ်ရမှာဖြစ်ပါတယ်။  ဒါကြောင့်  ကျွန်တော်တို့   ပြည်သူလူထု လိုလားတဲ့   ပါတီစုံဒီမိုကရေစီစနစ်ကို   လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ တပ်မတော် သည်  ပြည်သူလူထုနဲ့တစ်သားတည်းရှိပါတယ်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို     စတင်ဦးဆောင်ဖော်ဆောင်တဲ့သူ   ဖြစ်ပါ တယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ ခိုင်မာစေခဲ့တာ ဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေ ဖြစ်တဲ့အတိုင်းပဲ ပါတီစုံဒီမိုကရေစီစနစ်နဲ့ပြည်ထောင်စုစနစ်ကို  အခြေခံ တဲ့ ဖက်ဒရယ်စနစ်ကို မလွဲမသွေလျှောက်လှမ်းတည်ထောင် သွားမှာ ဖြစ်ကြောင်း  ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။