
ဂါဇာ ဒီဇင်ဘာ ၁
ဂါဇာကမ်းမြောင်ဒေသ၌ ခုနစ်ရက်တာ အပစ် ရပ်စဲမှုပြီးနောက် အစ္စရေးတပ်ဖွဲ့များသည် အစ္စလာမ္မစ်အုပ်စု ဟားမားစ်တို့ကို စစ်ဆင်ရေး ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားလိုက် သည်။
အပစ်ရပ်စဲမှု သတ်မှတ်ရက်ကုန်ဆုံးပြီးနောက် ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီကျော်တွင် အစ္စရေး တပ်ဖွဲ့များက လူမှုမီဒီယာပေါ်တွင် ဟားမားစ်တို့က စစ်ဆင်ရေးရပ်ဆိုင်းထားမှုကို ချိုးဖောက်လိုက် ကြောင်း၊ ထို့အပြင် အစ္စရေးပိုင်နက်ထဲသို့ လက်နက် များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် အစ္စရေးတို့က တိုက်ခိုက်မှုကို ပြန်လည်စတင်လိုက်ကြောင်း ကြေညာခဲ့သည်။
ဂါဇာအနီး လူနေဒေသများ၌ အချက်ပေး ဥသြသံလိုလိုကြားပြီးနောက် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့က ဂါဇာဘက်မှ ပစ်ခတ်တိုက်ခိုက်လာမှု များကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က အပစ်ရပ်စဲမှု မပျက်ပြယ်မီ တစ်နာရီခန့်တွင် လူမှုမီဒီယာပေါ်တင်ခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်စတင်လိုက် ပြီဟု ကြေညာပြီး နာရီဝက်ခန့်အကြာတွင် အစ္စရေး လေတပ်တိုက်ခိုက်ရေး ဂျက်လေယာဉ်များသည် ဟားမားစ်တို့၏ အဓိကနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြား ခဲ့သည်။
အပစ်ရပ်စဲမှုသတ်မှတ်ရက် ကုန်ဆုံးပြီး မကြာမီအချိန်အတွင်း အစ္စရေးတို့သည် ဂါဇာမြို့ မြောက်ပိုင်းနှင့် ခန်ယွန်းနစ်တောင်ပိုင်း အပါအဝင် နေရာအတော်များများကို လေကြောင်းတိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့ကြောင်း ဂါဇာရှိ ပြည်ထဲရေး အရာရှိများက ပြောကြားခဲ့သည်။
အပစ်ရပ်စဲမှု သဘောတူညီမှုကာလအတွင်း ဟားမားစ်တို့က အစ္စရေးနှင့် နိုင်ငံခြားသား တရားခံ ၁၀၅ ဦးကို လွှတ်ပေးခဲ့သည်။ အပြန်အလှန်အားဖြင့် အစ္စရေးတို့က ပါလက်စတိုင်း ၂၄၀ ကို လွှတ်ပေး ခဲ့သည်။
ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့သည် အပစ် ရပ်စဲရေးကို သက်တမ်းတိုးရန် နောက်ဆုံးအချိန် အထိ ကြိုးစားခဲ့သော်လည်း အောင်မြင်မှုအရိပ် အယောင်မတွေ့ခဲ့ပေ။
တိုက်ခိုက်မှုများ ပြန်လည်စတင်ခြင်းသည် ယခင်ကတည်းက လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်လျက်ရှိသော ဂါဇာကမ်းမြောင် ဒေသကို ပိုမိုဆိုးရွားလာစေမည်ဖြစ်သည်။
အပစ်ရပ်စဲမှုကာလပြီးဆုံးပြီး ပထမဆုံးနှစ်နာရီ အတွင်း အစ္စရေးစစ်ဘက်က ၁၄ ဦးကို ရှင်းလင်း ခဲ့ပြီး ဒါဇင်ကျော်ဒဏ်ရာရရှိစေခဲ့သည်။ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။
အင်န်အိတ်ချ်ကေ