
နေပြည်တော် ဒီဇင်ဘာ ၁
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ(၂/၂၀၂၃)အစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်နေပြည်တော် ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ ကော်မတီဝင်ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ပြည်တွင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနနှင့် ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ
ဦးစွာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင် စန်းက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသည် ရှေးဟောင်း အဆောက်အအုံစုစုပေါင်း ၃၈၃၇ ဆူကို တစ်နေရာ တည်းတွင် တစ်စုတစ်ဝေးတည်းတွေ့ရသည့် မြန်မာ တစ်မျိုးသားလုံး၏တန်ဖိုးမဖြတ်နိုင်သည့် တစ်ခုတည်း သော ဒေသတစ်ခုဖြစ်သကဲ့သို့ အဆိုပါယဉ်ကျေးမှု အမွေအနှစ်များကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ် ထိုက်ထိုက်တန်တန်ရရှိထားသည့် ဒေသ လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဖိုးထိုက်တန် သည့် နယ်မြေဖြစ်သကဲ့သို့ နိုင်ငံတကာကအထူး စိတ်ဝင်စားသည့် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ လည်း ဖြစ်ပါကြောင်း။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ် ခဲ့သည့်မြေငလျင်ကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသတွင်ရှိသည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပုဂံနှင့်အနီးတစ်ဝိုက်လှုပ်ခတ် ခဲ့သည့် ငလျင်အကြိမ်စုစုပေါင်း ၂၂ ကြိမ် ရှိခဲ့သည်ကို လည်း လေ့လာသိရှိရပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းရေး စီမံ ဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီး တစ်ဆူက လွဲ၍ ကျန်ရှိသည့်ဘုရား ၃၈၈ ဆူ အားလုံးကို ပထမ အဆင့် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပြီး ဖြစ်ပါ ကြောင်း၊ သဗ္ဗညုဘုရားကြီး၏ ကြံ့ခိုင်မှုအနေဖြင့် တရုတ်ပညာရှင်အဖွဲ့က ကနဦးပြုပြင်ထိန်းသိမ်း ရေး စီမံဆောင်ရွက်ထားသည့်အခြေအနေအတိုင်း ထပ်မံပြိုပျက်မှု၊ လှုပ်ရှားမှု၊ ထူးခြားမှုမရှိသည်ကို သိရှိရပါကြောင်း၊ သဗ္ဗညုဘုရားကြီး၏ ပထမအဆင့် အရေးပေါ်ထိန်းသိမ်းမှုဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါ ကြောင်း။
ထို့ပြင် ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ခံ အထက်ပါ ရှေးဟောင်းအဆောက်အအုံများအပြင် မြေပြင် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များအရ ပြုပြင် ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်းအဆောက် အအုံအဆူ ၁၁၀ ကိုလည်းကောင်း၊ ထိခိုက်ပျက်စီးနိုင် သည့် ရှေးဟောင်းအဆောက်အအုံ ၄၁ ဆူကို လည်း ကောင်း၊ ၂၀၂၁ ခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ထိခိုက်မှုရှိခဲ့သည့် ရှေးဟောင်းအဆောက် အအုံအဆူ ၆၀ ကို လည်းကောင်း၊ မိုခါမုန်တိုင်းအရှိန် ကြောင့် ထိခိုက်မှုရှိခဲ့သည့် ရှေးဟောင်းအဆောက် အအုံ(၅၉)ဆူကိုလည်းကောင်း အရေးပေါ်တုံ့ပြန်ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ အလျင်အမြန်ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း သိရှိ ရပါကြောင်း။
ထို့ပြင် မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး ရေဝပ်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံ ၁၅ ဆူကိုလည်း မြေပြင် ကွင်းဆင်းတိုင်းတာသုတေသနပြုလုပ်ပြီး ထပ်မံ ရေဝပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေး များကိုဆောင်ရွက်လျက်ရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် တန်ဖိုးမဖြတ် နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းသည့် နေရာတွင် စနစ်တကျဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် ရေဝင်၊ ရေဝပ်မှုများ မရှိစေရေးနှင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ်သည့်ပြုပြင် ဆောင်ရွက်မှုများကို တာဝန်ရှိသူများက စိစစ် ဆောင်ရွက်သွားရန် လိုအပ်သည်ကို လမ်းညွှန် မှာကြားခဲ့ပါကြောင်း။
ထို့ပြင် မိုးကြိုးလျှပ်စီးကြောင့် ဘုရားစေတီများ ထိခိုက်မှုမရှိစေရန်အတွက် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်းရှိ ဘုရား ၁၁ ဆူတွင် မိုးကြိုးလွှဲတပ်ဆင် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည့် အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် MoU ရေးထိုးခဲ့ပြီး စီမံကိန်းကာလ ကိုးနှစ်လျာထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အိန္ဒိယနိုင်ငံ ASI (Archaeological Survey of India) အဖွဲ့အနေဖြင့်လည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်းဖြင့် ရှေးဟောင်း အဆောက်အအုံပေါင်း ၉၂ ဆူ ပြုပြင်ထိန်းသိမ်းရန် (MoU) ရေးထိုးဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသွားရောက်ခဲ့သည့်ခရီးစဉ်တွင် မြန်မာ့ဗိသုကာ ပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည် အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ် နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာ တွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင်ထိန်းသိမ်း ရန်လိုအပ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများမရှိစေရေး လိုအပ်သည့် ပြုပြင်ဆောင် ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေး ဆောင်ရွက်နေရမည်ဟု လမ်းညွှန်မှာကြားခဲ့ပါ ကြောင်း၊ အဆိုပါ လမ်းညွှန်မှာကြားချက်များကို တာဝန်ရှိသူအဆင့်ဆင့်က အလေးအနက်ထား လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေး မှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းတွင် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ကိုပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက် ဆဲအခြေအနေ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ရန်ပုံငွေများ စနစ် တကျစီမံခန့်ခွဲမှု၊သုံးစွဲမှုအခြေအနေ၊ မိုခါမုန်တိုင်း ရိုက်ခတ်မှုကြောင့် မိုးရွာသွန်းမှုများပြားပြီး ရေဝင် ရောက်မှု၊ ပျက်စီးမှုအချို့ သက်ရောက်ခဲ့သည့်ဘုရား ပုထိုးများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ကဏ္ဍအလိုက်ဆွေးနွေး
ယင်းနောက် ဦးစီးကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေ အနှစ်များ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ဦးစီးကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက ယခင်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြပြီး ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်း ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်