“တရားသော ဒို့စစ် ရဲဝံ့ဆင်နွှဲမည်”

“တရားသော ဒို့စစ် ရဲဝံ့ဆင်နွှဲမည်”

    v        ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား
        တန်ဖိုးထားလျက်၊ သုံးပါးအရေး
        နှလုံး သွေးဖြင့်၊ ပေးဆပ် ဖန်ဖန်
        သစ္စာနှံလျက်၊ ဆယ်ပြန်ဆယ်သက် 
        ငဲ့ကွက်မရွံ့၊ နောက်မတွန့်ဘဲ 
        စွန့်လွှတ် စွန့်စား၊ တပ်မတော်သားဟေ့
        တရားသောစစ်  အောင်ရမည်။ 
    v    တစ်ဖက်သား အပေါ်၊ တစ်ပြည်ခြား အပေါ်
        ဘောင်ကျော်စော်ကား၊ မပြုငြားလည်း
        ပြည့်အား နှောင့်ယှက်၊ ကျူးဝင်ဖျက်သော်
        တိုက်ဖျက်ချေမှုန်း၊ လက်စတုံးအံ့
        တုံးတိုက် ကျားကိုက်၊ အရေးမစိုက်ဘဲ
        တိုက်လျှင် ရဲရဲ၊ နွှဲလျှင် ပိုင်ပိုင်
        ခိုင်မာစိတ်ထား၊ စွမ်းပကားဖြင့် 
        တရားသောစစ် အောင်ရမည်။
    v    စစ်ကို မခေါ်၊ လာခဲ့သော် မူ
        တော်တည့်မှန်ကန်၊ စိတ်သန္တာန်ဖြင့်
        နိုင်ငံအတွက်၊ ပြည်သူအတွက်
        အသက် ပေးလှူ၊ ခံယူ စိတ်ထား 
        စစ်သည်များတို့ 
        တရားသောစစ် ဆင်နွှဲမည်။
        တရားသောစစ် အောင်ရမည်။ 
        ခိုင်မာ ယုံကြည် ထားပါသည်။       ။ 
            မျိုးမြတ်မြတ်မြင့်မောင်
(တရားသောစစ်ပွဲ ဆင်နွှဲနေသည့် တပ်မတော်သားများကို လေးစားဂုဏ်ပြုလျက်)