နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေးတက်ရောက်

 

နေပြည်တော် ဒီဇင်ဘာ  ၁


မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန  ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ  အမျိုးသားယဉ်ကျေးမှု   ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်    ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့  ဗဟိုကော်မတီ  ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးတင်ဦးလွင်၊   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်၊  မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ် ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊    အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝင်ပညာရှင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့်     ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ခြေခြေမြစ်မြစ်ထူထောင်
ရှေးဦးစွာ မြန်မာနိုင်ငံ   အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်   ကာကွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများ တွင်   တွေ့ရှိခဲ့သည့်စိတ်ပိုင်းဆိုင်ရာ၊    ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်အထောက်အထားများ၊ စာပေ အထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာစကားဆိုင်ရာအဆုံးအမများ၊ အဆင့်အတန်း မြင့်မားသည့်  ယဉ်ကျေးမှုဓလေ့ထုံးစံများ၊   သိမ်မွေ့ နက်နဲသည့် အနုသုခုမပညာရပ်များဖြင့်  ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှုတစ်ခုကို    ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်လာခဲ့ကြသည့်  လူမျိုးအဖြစ်   ခိုင်မာစွာတွေ့ရှိ ရပါကြောင်း။
မြန်မာနိုင်ငံ၌ရှိသည့် ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို  မိမိတို့   နိုင်ငံသားအားလုံးက အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏     ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များထဲမှ အစောဆုံးယဉ်ကျေးမှုထွန်းကားခဲ့သည့်    ပျူမြို့ ဟောင်း သုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊  သရေ ခေတ္တရာနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတို့သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါကြောင်း၊  ထို့ပြင်  မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ   ၄၈  ခုကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါကြောင်း၊  မိမိတို့ ဗဟိုကော်မတီကလည်း မူဝါဒချမှတ်ပေးခြင်း၊   နယ်မြေအပိုင်းအခြားများ သတ်မှတ်ပေးခြင်း၊ ထိထိရောက်ရောက်  ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့ပြင် ရှေးဟောင်းနေရာများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို မပျောက်ပျက်၊ မဆုံးရှုံးရအောင်လိုအပ်သလို ညွှန်ကြား ကြီးကြပ်ပေးလျက်ရှိပါကြောင်း၊  ဒြပ်ရှိ၊   ဒြပ်မဲ့များ ရွှေ့ပြောင်းနိုင်သည့်  ပစ္စည်းအသေးများနှင့့် မရွှေ့ ပြောင်းနိုင်သည့်      အဆောက်အအုံကြီးများအပြင် ကျယ်ပြန့်ပြီး    အဆောက်အအုံများစွာရှိသည့် ရှေးဟောင်းဒေသများကိုပါ      ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ရေးကိုလည်း   ဆောင်ရွက် လျက်ရှိပါကြောင်း။
ပြတိုက်များအဆင့်မြှင့်တင်ရေး
ပြတိုက်များသည် နိုင်ငံ့၏သမိုင်း၊ ယဉ်ကျေးမှုနှင့်  အဆင့်အတန်းကို ဖော်ပြနိုင်ရုံသာမက မျိုးဆက်သစ် များကိုပါ အသိပညာပေးသည့်နေရာများဖြစ်သည့်အတွက် ပြတိုက်များအဆင့်မြှင့်တင်ရေး၊ ထိထိရောက် ရောက်ပညာပေးနိုင်ရေးနှင့်    ပုဂ္ဂလိကပြတိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရန်အတွက်လည်း    မူဝါဒ ချမှတ်လမ်းညွှန် အားပေးလျက်ရှိပါကြောင်း၊ လိုအပ် နေသေးသည့် မြန်မာနိုင်ငံပြတိုက်များ ဥပဒေပြဋ္ဌာန်း နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။ 
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနု သုခုမများ၊ တိုင်းရင်းသားရိုးရာအက၊ ဂီတယဉ်ကျေးမှု အနုပညာများ    ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို   နှစ်စဉ် ကျင်းပပေးခဲ့သည်မှာ (၂၄) ကြိမ်မြောက် ရှိပြီဖြစ်ပါ ကြောင်း။ 
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိတို့၏ မူပိုင်အမျိုးသားယဉ်ကျေး မှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုး အပေါ် အထင်ကြီးလေးစားမှုလျော့နည်းပြီး အမျိုးသား ရေးအားမာန်ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများ   မှေးမှိန်တိမ်ကောပျောက် ကွယ်သွားခြင်း   မရှိရအောင်လည်း  အမျိုးသားရေးစိတ်ဓာတ်ခိုင်မြဲအောင်  ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း ကို အမှာစကားပြောကြားခဲ့ပြီးဖြစ်ကြောင်း။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ
မြန်မာနိုင်ငံသည်   တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များလည်း      ထောင်ပေါင်း များစွာရှိပါကြောင်း၊  ဘာသာစကားများ၊ ပုံပြင်များ၊ ရိုးရာလက်မှုပညာရပ်များ၊ ဓလေ့ထုံးစံများ၊ အနုပညာ ရပ်များအားလုံးသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ပါကြောင်း၊  တိုင်းဒေသကြီး/ ပြည်နယ်များ က စာရင်းကောက်ယူမှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၂၈၉ ခုကို သတ်မှတ် ထားပြီး ဖြစ်ပါကြောင်း။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရာတွင်   အရေးပါသည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက်   သက်ဆိုင်ရာဌာနများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်း လိုပါကြောင်း၊ ယင်းဥပဒေများကို   ပြဋ္ဌာန်းခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေနှင့်အညီ ပိုမို ထိရောက်စွာ     ကာကွယ်စောင့်ရှောက်လာနိုင်ပြီး တစ်ဖက်ကလည်း ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို       ဟန်ချက်ညီညီ ဖော်ဆောင်လာနိုင်မည် ဖြစ်ပါကြောင်း၊  ထုတ်ပြန်ခဲ့ သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြည်သူလူထု အကြား ချပြရှင်းလင်း အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်ရန်လည်း မဖြစ်မနေလိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က  ဒြပ်ရှိ/ဒြပ်မဲ့   မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ရေး၊   ရှေးဟောင်းယဉ်ကျေးမှု   အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ခြင်းနှင့် စေတီ၊ ပုထိုး စသည့် သာသနိကအဆောက်အအုံများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုးများအား Digital နည်းပညာဖြင့် Direct- ory ပြုလုပ်ဆောင်ရွက်နေမှုအခြေအနေများ၊ ယဉ်ကျေး မှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းခြင်းအတွက် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်မှု များ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးဆိုင်ရာ ဆောင် ရွက်ချက်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်    ဗဟိုကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက မြန်မာနိုင်ငံအမျိုးသားယဉ်ကျေး မှုဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက်  အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်း များကို ရှင်းလင်းတင်ပြသည်။ 
ဆွေးနွေးတင်ပြ
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ ဒြပ်ရှိဒြပ်မဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများ ရှာဖွေဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊  အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေး၍   နိဂုံးချုပ်အမှာစကား    ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။                                              

သတင်းစဉ်