ယူအေအီးတွင်ကျင်းပသော ကုလသမဂ္ဂရာသီဥတုပြောင်းလဲရေးညီလာခံကို နိုင်ငံပေါင်း ၁၉၀ ကျော်တက်ရောက်

 

ဒူဘိုင်း  နိုဝင်ဘာ   ၃၀ 
နိုဝင်ဘာ ၃၀ ရက်က နိုင်ငံပေါင်း   ၁၉၀  ကျော်မှ ကိုယ်စားလှယ်အဖွဲ့များသည် ယူအေအီး (အာရပ် စော်ဘွားများပြည်ထောင်စု) တွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂရာသီဥတုပြောင်းလဲရေးညီလာခံ (စီအိုပီ ၂၈) တွင် စုဝေးခဲ့ကြသည်။ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲရေးညီလာခံကို ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 
ဒူဘိုင်းစီအိုပီ ၂၈ ညီလာခံက  နိုင်ငံပေါင်း ၁၉၀ ကျော်မှ ကိုယ်စားလှယ်များအတွက် ရာသီဥတုအကျပ် အတည်းအပေါ်   ကမ္ဘာ့အသိုက်အဝန်းအရေးတယူ တုံ့ပြန်ဆောင်ရွက်ခဲ့သည့် တိုးတက်မှုဖြစ်စဉ်များကို ချင့်ချိန်အကဲဖြတ်ရန်      ပထမဆုံးအခွင့်အရေးကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။  
မည်သည့်နိုင်ငံ သို့မဟုတ်  မည်သည့်ဒေသက ပါရီသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မည်ရွေ့မည်မျှကျန်ရှိနေသေးသလဲဆိုသည့် အချက် ကို ရှာဖွေဖော်ထုတ်ရန် ကမ္ဘာလုံးဆိုင်ရာ ပြန်လည် သုံးသပ်ချက်ဟုခေါ်သော အဆိုပါ ချင့်ချိန်အကဲဖြတ် ခြင်းကို ငါးနှစ်လျှင်တစ်ကြိမ် ပြုလုပ်လေ့ရှိသည်။ 
ပါရီသဘောတူညီချက်သည် ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်မှုကို ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် တခြားဆောင်ရွက်ချက်များကို အရေးတယူလျှော့ချ ဆောင်ရွက်ခြင်းဖြင့် စက်မှုအကြိုအဆင့်သတ်မှတ်ချက်ဖြစ်သည့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အထိ လျှော့ချရန် ရည်ရွယ်ထားသည်။ 
ကမ္ဘာ့နိုင်ငံများကတိကဝတ်ပြုထားသည့် ကမ္ဘာ့ ပျမ်းမျှ အပူချိန်မြင့်တက်မှု ၁ ဒသမ ၅ ဒီဂရီဆဲလ်စီး ယပ်အထိ လျှော့ချခြင်းသည် ရာသီဥတုပြောင်းလဲ ရေးရည်မှန်းချက်ကို   ပြည့်ဝစွာအကောင်အထည်‌ ဖော်ရန် မလုံလောက်သေးကြောင်း ကုလသမဂ္ဂက ပြောသည်။  လက်ရှိ  ကတိပြုထားသည်ထက်  ပိုမို လုပ်ဆောင်မှသာရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆက်ပြောသည်။ 
အဓိကမေးခွန်းမှာ နိုင်ငံပေါင်း    ၁၉၀    ကျော်မှ ကိုယ်စားလှယ်များအနေဖြင့်     ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို အခြေခံလျက် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကို  မည်သို့အရေးတယူတိုးမြှင့်ဆောင်ရွက်သွားမလဲဆိုသည်ပင်ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးမြှင့်အသုံးပြုခြင်းနှင့် ကျောက်မီးသွေးနှင့် လောင်စာ ဆီအသုံးပြုမှုများကို    တဖြည်းဖြည်းလျော့နည်း၊ လျှော့ချသုံးစွဲရေးအတွက် နည်းလမ်းများကို ဆွေးနွေး သွားမည်ဖြစ်သည်။ 
ယခင်နှစ် စီအိုပီ ၂၇ အစည်းအဝေးတွင် ရာသီ ဥတုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသော ဖွဲ့ဖြိုးဆဲနိုင်ငံ များအတွက် ရန်ပုံငွေထောက်ပံ့ပေးနိုင်ရန် “ဆုံးရှုံး ပျက်စီးမှု” ရန်ပုံငွေတစ်ရပ်ထူထောင်ရန် သဘောတူ ခဲ့ကြသည်။ 
ယခုနှစ်ဆွေးနွေးပွဲသည် ရန်ပုံငွေကိုလည်ပတ်ရန် တိကျသောနည်းလမ်းများကို သဘောတူရန်ရည်ရွယ် ထားသည်။                                  

အင်န်အိတ်ချ်ကေ