
ဂျေရုဆလင် နိုဝင်ဘာ ၃၀
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမားစ်တို့နှင့် အပစ်အခတ်ရပ်စဲသည့် သက်တမ်းတိုးမည် ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဌာနက နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် ကြားဝင်စေ့စပ်ပေးသူများ၏ ကြိုးပမ်းအားထုတ် မှု ဆက်လက်လုပ်ဆောင်နိုင်ရေး စစ်ဆင်ရေးကို ရပ်နားထားမည်ဟု လက်ရှိ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု သက်တမ်းမကုန်ဆုံးမီ အချိန်ပိုင်းတွင် အစ္စရေးကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အချိန်မည်မျှ ရပ်နားထားမည်ဖြစ်ကြောင်း ကိုမဖော်ပြခဲ့ပေ။ ဟားမားစ်တို့၏ ထုတ်ပြန် ချက်အရ အပစ်အခတ်ရပ်စဲမှုမှာ နောက် တစ်ရက် ထပ်ကြာမြင့်မည်ဟု သိရသည်။ နိုဝင်ဘာ ၃၀ ရက်တွင် ဓားစားခံ ရှစ်ဦးသာ ပြန်လွှတ်ပေးမည်ဖြစ်သည်။
အပြန်အလှန်အားဖြင့် အစ္စရေးဘက်မှ လည်း အကျဉ်းထောင်တွင်ဖမ်းဆီးထားသည့် ပါလက်စတိုင်း ၃၀ ကို ပြန်လွှတ်ပေးမည်ဖြစ် သည်။ နှစ်ဖက်စလုံးမှ အပစ်အခတ်ရပ်စဲမှု အဖြစ် ဓားစားခံများကို ခြောက်ကြိမ်တိုင်တိုင် ပြန်လွှတ်ပေးပြီးဖြစ်သည်။
နိုဝင်ဘာ ၂၉ ရက်ကလည်း ထိုင်းနိုင်ငံသား လေးဦးနှင့်အစ္စရေး ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ သည်။ ၎င်းတို့ကို အစ္စရေးဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းအထိ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ခဲ့ သည်။
ဆင်ဟွာ