မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ အထူးအစည်းအဝေး တက်ရောက်

 

ရန်ကုန် နိုဝင်ဘာ ၃၀


မြန်မာနိုင်ငံ     သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ   ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)       သည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ (SEAPC-Net) ၏ အထူး အစည်းသို့    တက်ရောက်ရန် အတွက် ကောင်စီဝင် ဒေါက်တာ ဇော်သန်းနှင့်အတူ  ရန်ကုန်မြို့မှ နိုဝင်ဘာ ၂၇ ရက် ည​နေပိုင်းတွင် ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ သို့ရောက်ရှိကာ    အင်ဒိုနီးရှား သတင်းမီဒီယာကောင်စီ   ဥက္ကဋ္ဌ Dr. Ninik Rahayu နှင့် တွေ့ဆုံ၍ နောက်တစ်နေ့   အစည်းအဝေး အတွက် အကြိုညှိနှိုင်းဆွေးနွေး ကြသည်။


နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်း တွင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့၏   နိုင်ငံတော် သီချင်းများကို ဖွင့်လှစ်သီဆိုခြင်း ဖြင့်    အခမ်းအနားဖွင့်လှစ်ကာ အစည်းအဝေး စတင်သည်။


ထို့နောက်    နိုင်ငံအလိုက် ဥက္ကဋ္ဌများက   မိမိတို့နိုင်ငံများ အတွင်း    သတင်းအတု   သတင်း မှားများ ကျေပျက်အောင် ချေဖျက် ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ သတင်းမီဒီယာ၏  လွတ်လပ်ခွင့် အခန်းကဏ္ဍ ပိုမိုမြှင့်တင်ရေး၊ အဖွဲ့ ဝင်နိုင်ငံအချင်းချင်း     စည်းလုံး ညီညွတ်ရေး၊   သတင်းကိစ္စရပ် တွင်သာမကဘဲ  နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ    တိုးပွားလာ အောင် ပူးပေါင်းဆောင်ရွက်ရေး များကို   မိမိတို့  တစ်နိုင်ငံချင်းစီ ၏  သဘောထားအမြင်များဖြင့် လွတ်လပ်ပွင့်လင်းစွာ   ဆွေးနွေး ကြသည်။


ထို့နောက်   ၂၀၂၃  မှ   ၂၀၂၅ အထိ အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ (SEAPC-Net) ၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာ များကို အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးညှိနှိုင်း    ရွေးချယ်ကြရာ ဒုတိယဥက္ကဋ္ဌအဖြစ်   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) အား ရွေးချယ်အတည်ပြုခဲ့ကြပြီး အခမ်းအနားကို ၁၇၀၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  ဥက္ကဋ္ဌ သည် ယ​နေ့   ည​​နေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သိရသည်။

  
သတင်းစဉ်