(၈)ကြိမ်မြောက် သတင်းမီဒီယာနှင့် သင်တန်းဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၃၀


(၈)ကြိမ်မြောက် သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး(8th ASEAN SOMRI Working Group on Information, Media and Training- 8th WG IMT)ကို အင်ဒိုနီးရှားနိုင်ငံ Novo-tel Hotel တွင် ယနေ့ နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု WG-IMT ဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန မှ  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် ဦးဆောင်၍ မြန်မာ ကိုယ်စားလှယ်များက   နေပြည် တော်-တပ်ကုန်းနှင့်    ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ  အွန်လိုင်း မှတစ်ဆင့်     ပါဝင်တက်ရောက် ဆွေးနွေးကြသည်။ 


အစည်းအဝေးသို့    လက်ရှိ WG-IMT ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ  တက်ရောက်ကြ သည်။


အစည်းအဝေးတွင်  ကျင်းပ ပြီးစီးခဲ့သည့်   အာဆီယံအစည်း အဝေးများမှ   အာဆီယံသတင်း မီဒီယာနှင့် သင်တန်းကဏ္ဍဆိုင်ရာ အဖွဲ့ (SOMRI WGIMT)  ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များ၊ အာဆီယံသတင်းအချက်အလက် နှင့်  မီဒီယာကဏ္ဍဆိုင်ရာ  မဟာ ဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)၏  လုပ်ငန်းဖြစ်ပေါ်တိုးတက် မှုများ၊    အာဆီယံပေါင်းစည်း ဆက်သွယ်ရေး မဟာဗျူဟာစီမံ ချက်(၂၀၁၈-၂၀၂၅) ၏   လက်ရှိ ဆောင်ရွက်နေသည့်   အစီအစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သတင်းတု/သတင်းမှား တိုက်ဖျက် ရေးအဖွဲ့  (ASEAN Task force on Fake News) ဆိုင်ရာ လုပ်ငန်း စီမံချက်များ၊        အာဆီယံ-ဩစတြေးလျနိုင်ငံရေးနှင့်  လုံခြုံ ရေးဆိုင်ရာ      မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက် အပေါ်       ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။ 


အစည်းအဝေးသို့ အင်ဒိုနီးရှား၊ မလေးရှား၊   ဗီယက်နမ်နိုင်ငံနှင့် အာဆီယံ   အတွင်းရေးမှူးချုပ်ရုံး တို့မှ      ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊  မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ  ကိုယ်စားလှယ်များ က   အွန်လိုင်းစနစ်ဖြင့်လည်း ကောင်း  ပါဝင်တက်ရောက်ကြပြီး (၉)ကြိမ်မြောက်  သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး(9th ASEAN SOMRI Working Group on Information, Media  and Training-9th WG IMT)အား  အင်ဒိုနီးရှားနိုင်ငံက ဆက်လက်     တာဝန်ယူကျင်းပ မည်ဖြစ်ကြောင်း      သတင်းရရှိ သည်။

သတင်းစဉ်