အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)တို့ကို တစ်ပြိုင်တည်းဖွင့်လှစ်

 

နေပြည်တော်   နိုဝင်ဘာ   ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။ 
ဖွင့်ပွဲအခမ်းအနားသို့  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်၊    မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် နှင့်  တာဝန်ရှိသူများ၊  နယ်မြေခံ   တပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊   ရမည်းသင်းခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊       သိပ္ပံနှင့်        နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊  ကျောင်းအုပ် ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊          ကျောင်းသား   ကျောင်းသူများနှင့် စက်မှုလက်မှု    လုပ်ငန်းရှင်များ      တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသ ကြီး    သယံဇာတရေးရာဝန်ကြီး၊   နယ်မြေခံတပ်နယ်မှူး၊  ရမည်းသင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ရမည်း သင်း)      ကျောင်းအုပ်ကြီးတို့က   ဖွင့်ပွဲအခမ်းအနားကို  ဖဲကြိုးဖြတ် ဖွင့်လှစ်၍ ပြည်ထောင်စုဝန်ကြီးက အစိုးရစက်မှုလက်မှုသိပ္ပံ  (ရမည်း သင်း) ဆိုင်းဘုတ်ကို  စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။ 
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည်  အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်း သင်း)       ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများပက်ဖျန်း၍ အစိုးရ စက်မှုလက်မှုသိပ္ပံအတွင်းရှိ စာသင် ခန်းများ၊     လက်တွေ့ခန်းများ၊   ကွန်ပျူတာခန်းများနှင့်      မြို့ပြ   အင်ဂျင်နီယာ၊   လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့်  စက်မှုအင်ဂျင် နီယာ အလုပ်ရုံများကို လှည့်လည်  ကြည့်ရှုစစ်ဆေးသည်။  
ယင်းနောက်     ဖွင့်ပွဲအခမ်း အနားကို     ဆက်လက်ကျင်းရာ   ပြည်ထောင်စုဝန်ကြီးက   ပြည်သူ များ၏လူမှုစီးပွားဘဝများ မြင့်မား တိုးတက်စေရန်   သက်မွေးပညာ ရေးသည်   အခြေခံကျသဖြင့် နိုင်ငံ တော်အနေဖြင့်   သက်မွေးပညာ  ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်  အထူးအလေးပေး    ဆောင်ရွက် လျက်ရှိပါကြောင်း၊ စက်မှု၊ စိုက်ပျိုး မွေးမြူရေး  အထက်တန်းကျောင်း များ၊      စက်မှုလက်မှုသိပ္ပံများကို စဉ်ဆက်မပြတ်    တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိပြီး    အရည်အသွေး ပြည့်မီသော  လူသားအရင်းအမြစ် များ   မွေးထုတ်ပေးရန်  လိုအပ် ကြောင်းပြောကြားသည်။ထို့နောက်  မန္တလေးတိုင်းဒေသကြီး၊   သယံ ဇာတရေးရာဝန်ကြီးက ကျေးဇူး တင်စကားပြောကြား၍      အစိုးရ စက်မှုလက်မှု            သိပ္ပံကျောင်းမှ  ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့်   သီဆိုကပြ  ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်    (ရမည်း သင်း)  သို့  သွားရောက်၍   ၂၀၂၃- ၂၀၂၄   ပညာသင်နှစ်တွင် အင်ဂျင် နီယာ ဘွဲ့ကြိုသင်တန်းများတွင်  အေးချမ်းပျော်ရွှင်စွာ       ပညာ သင်ကြားလျက်ရှိသော ကျောင်း သား ကျောင်းသူများ၏ သင်ကြား သင်ယူမှု      ဆောင်ရွက်နေသည့်   အခြေအနေများကို     သွားရောက် ကြည့်ရှုအားပေးကြပြီး လက်တွေ့ ခန်းများ၊ ကွန်ပျူတာခန်း၊ စာကြည့် တိုက်နှင့်   အလုပ်ရုံတို့ကို   ကြည့်ရှု စစ်ဆေးကာ         ကျောင်းသား    ကျောင်းသူများကို     ရင်းရင်းနှီးနှီး တွေ့ဆုံ၍        လိုအပ်ချက်များ မေးမြန်းအားပေးသည်။ 
ယနေ့တွင်    သိပ္ပံနှင့်နည်းပညာ    ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့်  လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့်   အစိုးရစက်မှုလက်မှု သိပ္ပံ(ရမည်းသင်း)၊  အစိုးရစက်မှု လက်မှုသိပ္ပံ  (ပဲခူး)  နှင့်   အစိုးရ စက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ)တို့ကို တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်