မြန်မာနိုင်ငံရှိ သူနာပြုနှင့်သားဖွားများအတွက် အသုံးပြုမည့် အတည်ပြုပြီးသည့် (CPD) စနစ်အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးတင်ပြခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၃၀
မြန်မာနိုင်ငံရှိ       သူနာပြုနှင့်သားဖွားများအတွက် အသုံးပြုမည့် အတည်ပြုပြီးသည့် (CPD) စနစ်အား စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးတင်ပြ ခြင်း    အခမ်းအနား   (Launching   Ceremony: Continuing Professional Development (CPD) Guideline for Nurses and Midwives in Myanmar) ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြား ရေးမှူးချုပ်များ၊  ပါမောက္ခချုပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် နှီးနွှယ်ဆောင်ရွက်နေသော အသင်းအဖွဲ့ များမှ  ဥက္ကဋ္ဌများ၊  နေပြည်တော်၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်များတွင်  တာဝန်ထမ်းဆောင်လျက် ရှိသော   တာဝန်ရှိပုဂ္ဂိုလ်များနှင့်  သူနာပြု၊  သားဖွား ကိုယ်စားလှယ်များ၊  ပုဂ္ဂလိကဆေးရုံများမှ သူနာပြု ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ 
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီသည် ၂၀၁၉ ခုနှစ်မှ စတင်၍   C.P.D   (Continuing    Professional Development) စနစ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက် ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် Draft Guidelines on CPD  system for Nurses and Midwives in Myanmar ကို  အပြီးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ  သူနာပြုနှင့်သားဖွားကောင်စီအနေဖြင့်      သူနာပြု၊ သားဖွားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည် အသွေးများ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက် ရာတွင် စံချိန်စံညွှန်းများသတ်မှတ်၍  ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၏  မူဝါဒများနှင့်အညီ  ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေး နေသော    ကျန်းမာရေးဝန်ထမ်း    အင်အားစုများ၏ အဓိကအင်အားစုတစ်ရပ်ဖြစ်သည့် သူနာပြု၊ သားဖွား ဆရာ/ဆရာမများအတွက် အရည်အသွေးများတိုးတက် မြင့်မားလာစေရန်နှင့်   စဉ်ဆက်မပြတ်   ထိန်းသိမ်း ဆောင်ရွက်ရမည့်    လုပ်ငန်းစဉ်မှာ    မြန်မာနိုင်ငံ  သူနာပြုနှင့်   သားဖွားကောင်စီ၏   လုပ်ငန်းတာဝန် တစ်ခုဖြစ်ပြီး ထိုလုပ်ငန်းတာဝန်ဖြစ်သည့် CPD စနစ် အား စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့သော  မြန်မာနိုင်ငံသူနာပြုနှင့်  သားဖွားကောင်စီ အား ဂုဏ်ပြုပါကြောင်း ပြောကြားသည်။ 
ဆက်လက်၍ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီဥက္ကဋ္ဌ   ဒေါ်နွဲ့နွဲ့ခင်နှင့်  သူနာပြု  သားဖွား အတတ်ပညာနှင့်    လုပ်ငန်းအဆင့်အတန်း    စံချိန် စံညွှန်းသတ်မှတ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိ သူများက   ယမန်နေ့က  ကျင်းပခဲ့သော    အလုပ်ရုံ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးရှိ နယ်ပယ်အသီးသီးမှ သူနာပြုသားဖွားကိုယ်စားလှယ်များ     အတည်ပြု သတ်မှတ်ပေးပြီးခဲ့သော CPD Guideline များကို တက်ရောက်လာသော နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ၊ သူနာပြုသားဖွားကိုယ်စားလှယ်များအား မိတ်ဆက်ပေးပြီး CPD စနစ် နှင့်ပတ်သက်၍    လုပ်ဆောင်ရမည့်    လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ 
ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံရှိ သူနာပြု၊ သားဖွား များအတွက်   နိုင်ငံတကာအဆင့်အတန်းနှင့်   အညီ CPD စနစ်အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။  သတင်းစဉ်