အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

 

ပဲခူး  နိုဝင်ဘာ  ၃၀
အစိုးရစက်မှုလက်မှုသိပ္ပံ    (ပဲခူး) ဖွင့်လှစ်ပွဲအခမ်းအနားကို    ပဲခူး မြို့၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း က      ကျင်းပရာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်           ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင် သိန်း၊   သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊       အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် အစိုးရ   စက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ကြီးတို့က   အခမ်း အနားကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က    အစိုးရစက်မှု လက်မှုသိပ္ပံ(ပဲခူး)  ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးသည်။
          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်မှုအင်ဂျင်နီယာ  အလုပ်ရုံနှင့် မြို့ပြအင်ဂျင်နီယာ     အလုပ်ရုံများ ကို     လှည့်လည်ကြည့်ရှုအားပေး ကြသည်။    ထို့နောက်    ကမ္ပည်း မော်ကွန်းကြေးပြားအား   အမွှေး နံ့သာရည်များ   ပက်ဖျန်းပေးကြ ပြီး လျှပ်စစ်ဆိုင်ရာ လက်တွေ့ခန်း များ၊ ရူပဗေဒဆိုင်ရာ လက်တွေ့ ခန်းများ၊     ဓာတုဗေဒဆိုင်ရာ လက်တွေ့ခန်းများနှင့် ကွန်ပျူတာ ခန်းများအား  လှည့်လည်ကြည့်ရှု ကြသည်။ 
ဆက်လက်၍    အစိုးရစက်မှု လက်မှုသိပ္ပံ (ပဲခူး)    ဖွင့်ပွဲ  ဒုတိယ အပိုင်း အခမ်းအနားကို   အဆိုပါ    ကျောင်းစုဝေးခန်းမ၌    ကျင်းပရာ တိုင်းဒေသကြီး    ဝန်ကြီးချုပ်က ပဲခူးမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့်  ပြည်သူများ၏ လူမှုစီးပွားဘဝ များ    ဖွံ့ဖြိုးတိုးတက်ရေးတို့ကို  အထောက်အကူပြုစေနိုင်ပြီး အရည် အချင်းပြည့်ဝသော  လူ့စွမ်းအား    အရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရေးအတွက် အစိုးရစက်မှုလက်မှု သိပ္ပံ    (ပဲခူး) ဖွင့်လှစ်ပေးနိုင်ခဲ့သည့်    အတွက် ဝမ်းမြောက်ပါကြောင်း၊    နိုင်ငံတော်အစိုးရအနေဖြင့်   ပညာ ရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာ       ကဏ္ဍတို့မှာ သာမက   နည်းပညာနှင့်သက်မွေး ပညာကဏ္ဍမှာလည်း     တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်    ရှိ ကြောင်း ပြောကြားသည်။ 
ယင်းနောက်    ကျောင်းသား ကျောင်းသူလေးများက “တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ ရိုးရာ ယဉ်ကျေးမှုနှင့်   GTI   ကျောင်း တော်”   သီချင်းများဖြင့်   ဖျော်ဖြေ ကြရာ     တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်      တာဝန်ရှိသူများက   ဂုဏ်ပြုဆုငွေများ       ပေးအပ် သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)