“Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ကြိုးပမ်းကြရမည်

 

နေပြည်တော်  နိုဝင်ဘာ  ၃၀ 
မြန်မာ - ရုရှား   နှစ်နိုင်ငံအကြား    ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး၊         ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government  စနစ် ဖွံ့ဖြိုးတိုးတက်ရေး၊  ဆိုက်ဘာ လုံခြုံရေးနှင့်  သတင်းအချက်အလက်နည်းပညာ ကဏ္ဍများတွင်         ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius  နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များကို  ပိုမိုနားလည်စေရန်   ရည်ရွယ်ပြီး    ရင်းနှီးမြှုပ်နှံမှု နှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ “Aquarius Day” ဖိုရမ်ကို ယနေ့ နံနက် ၉ နာရီတွင်  နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
ကိုယ်စားလှယ်များတက်ရောက်
ဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊  သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၏ဥက္ကဋ္ဌများ၊     ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ် ကြီးနှင့်    သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊    ဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊  IT ပညာရှင် အရာထမ်း များနှင့် နှစ်နိုင်ငံ  ပုဂ္ဂလိကနည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အကျိုးရှိသောဖိုရမ်တစ်ခုဖြစ်
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊        ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး   မြထွန်းဦးက ယနေ့   “Aquarius Day”  ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့်  e-Government    စနစ်   ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်    ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍ   ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် အရေးကြီးပါကြောင်း၊ ယနေ့ “Aquarius Day” ဖိုရမ်မှတစ်ဆင့်  နှစ်နိုင်ငံ နည်းပညာ  ပူးပေါင်းဆောင်ရွက်မှုများ   မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် e-Government  စနစ်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန်   ကြိုးပမ်းကြရမည်ဖြစ်ပါ ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့်  ၂၀၃၀ ပြည့်နှစ် ကာလအပိုင်းအခြားအထိ မျှော်မှန်းပြီး  Myanmar e-Governance Master Plan 2030 ကို  ရေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် Digital Government ကို  ဦးတည်ချဉ်းကပ် ဆောင်ရွက်နေပြီး     ယနေ့ကျင်းပသည့်ဖိုရမ်သည် နိုင်ငံတော်၏     ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစဉ်အတွက် အထောက်အပံ့ကောင်းများစွာ  ရရှိ နိုင်သဖြင့်    အကျိုးရှိသော   ဖိုရမ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းနှင့် ဒေသတွင်း  ပူးပေါင်းဆောင် ရွက်မှုများ၊   မြန်မာနိုင်ငံ၏   နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ  တိုးတက်လာစေရေး ဆောင်ရွက်မှုများကို  လည်းကောင်း၊   မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သံအမတ်ကြီး H.E. Mr. Iskander Azizov က နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊  မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့်   e-Government  စနစ်   ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်ရေးအတွက်  Aquarius ကုမ္ပဏီအပါအဝင်  ရုရှား IT ကုမ္ပဏီများ အနေဖြင့် နည်းပညာဖလှယ်မှုများ၊   IT Solution အတွေ့အကြုံများနှင့်  ထုတ်ကုန်များအကြောင်းကို ပိုမိုနားလည်စေရန် ရည်ရွယ်ပြီး ယခုဖိုရမ်ကို ကျင်းပ ခြင်းဖြစ်ကြောင်းနှင့်၊ Aquarius  နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ  Mr. Vladimir Stepanov  က  လွတ်လပ်၍ ရေရှည်တည်တံ့သော  ရုရှား-မြန်မာ နိုင်ငံတကာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း  ဆွေးနွေးကြကာ  ဖွင့်ပွဲအခမ်းအနား အပြီးတွင်      စုပေါင်းမှတ်တမ်းတင်     ဓာတ်ပုံရိုက် ကြသည်။
ဆွေးနွေး
ထို့နောက် ဆွေးနွေးပွဲများကို အစီအစဉ်အတိုင်း ကျင်းပရာ Aquarius Company ၊  Astra Group of Company နှင့်   RSC Progress Company တို့၏  တာဝန်ရှိသူများက  နည်းပညာဆိုင်ရာ  မိတ်ဖက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊     ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊   ဘာသာ ရပ်ဆိုင်ရာ   ညွှန်ကြားရေးမှူးက   မြန်မာနိုင်ငံ၏   ဒစ်ဂျစ်တယ်  အသွင်ကူးပြောင်းခြင်း  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုရှား IT ကုမ္ပဏီများ၏ တာဝန်ရှိသူများ က နည်းပညာကဏ္ဍလုံခြုံမှုရှိစေရေး ဖြေရှင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊  Aquarius   ကုမ္ပဏီ၏   ဆာဗာများ နှင့်  အချက်အလက်ထိန်းသိမ်းထားသိုမှုစနစ်များ၊ ဆက်သွယ်ရေး နည်းပညာဖြေရှင်းမှုများ၊    ကြိုးမဲ့ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက် အလက်  လုံခြုံမှုဆိုင်ရာ   ဖြေရှင်းမှုများ၊   နည်းပညာ အသုံးပြု သူများ အတွက်    ဖြေရှင်းဆောင်ရွက်ပေးမှုများ၊    Astra ကုမ္ပဏီ၏   Ecosystem Solution    ဆိုင်ရာများ နှင့် RSC “Progress”  ၏   ထုတ်ကုန်များ  စသည့် ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  မြထွန်းဦးသည်     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊  ဒုတိယဝန်ကြီး များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ   သံအမတ်ကြီးနှင့်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ Aquarius နည်းပညာကုမ္ပဏီဥက္ကဋ္ဌ  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ကို   လက်ခံတွေ့ဆုံ၍  သတင်း အချက်အလက်  လုံခြုံရေးနှင့်  အိုင်စီတီနည်းပညာ ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  သတင်းစဉ်