
မြစ်ကြီးနား နိုဝင်ဘာ ၃၀
ကချင်ပြည်နယ်အတွင်း ဆန်စပါး ရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာ အတွင်း တောင်သူတို့၏ လယ်ယာ မှ ဦးစွာရရှိသော ကောက်ဦးစပါး ပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာကောက်သစ် စားပွဲ ကျေးဇူးတော်ချီးမွမ်းပွဲတော် ကို နှစ်စဉ်ကျင်းပလေ့ရှိရာ ကချင် ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင် ၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ များ၊ ဒေသခံတောင်သူများ စုပေါင်း ကာ ကျင်းပသည့် ၂၀၂၃ ခုနှစ် ရိုးရာကောက်သစ် စားပွဲကျေးဇူး တော် ချီးမွမ်းပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရ အဖွဲ့ ရုံးရှေ့မြက်ခင်းပြင်၌ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ရိုးရာကောက်သစ် စားပွဲတော်ကို ဝန်ပေါင်ဘင်ခရာ အဖွဲ့မှ တီးမှုတ်ဖျော်ဖြေခြင်းနှင့် အတူ ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသူလေးများက လယ်ယာ ခြံထွက်သီးနှံများ ပါဝင်သည့် ကောက်ဦးပလိုင်းများ သယ်ဆောင် လာခဲ့ကြပြီး သိက္ခာတော်ရဆရာ တော်များက ကောက်ဦးပလိုင်း များအတွက် ဆုတောင်းဆက်ကပ် အပ်နှံပေးခဲ့ကြသည်။
ထို့နောက် ရိုးရာကောက်သစ် စားပွဲတော်တွင် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ကချင် ပြည်နယ်အတွင်း ရိုးရာပွဲတော် များစွာရှိသည့်အနက် ယခုလိုစပါး ရိတ်သိမ်းပြီးချိန်တွင် ဦးဦးဖျားဖျား ရရှိသည့် ကောက်ဦးကောက်သစ် ကို ယခုကဲ့သို့ ဒေသတွင်းတိုင်းရင်း သားပြည်သူများ၊ တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ တကွစုပေါင်း၍ ကျင်းပခွင့်၊ ကျေးဇူး တော်ချီးမွမ်းခွင့်၊ အတူတကွ သုံးဆောင်ခွင့် ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီးတို့က ကောက်ဦး ပလိုင်းနှင့် အလှူငွေများကို တက် ရောက်လာကြသော ဘုန်းတော် ကြီးများ၊ သိက္ခာတော်ရဆရာ တော်များနှင့် ဘာသာရေးအသင်း တော် ခေါင်းဆောင်များထံ လည်း ကောင်း၊ ကောက်ဦးပလိုင်း လက်ဆောင်များကို ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ တပ်မတော်အရာရှိကြီး များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များထံသို့လည်းကောင်း တစ်ဦးချင်း ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းရင်းသူလေး များက ကချင်တိုင်းရင်းသားတို့၏ ရိုးရာကောက်သစ်စားပွဲတော် တေး သီချင်းအကအလှများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး တစ်နှစ် တာအတွင်း ဦးစွာရရှိသည့် ဆန်/ ကောက်သစ်ကို နေ့လယ်စာအဖြစ် အတူတကွ ပျော်ရွှင်စွာသုံးဆောင် ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် စီတာပူရပ်ကွက်ရှိ သီတာအေးနှစ်ခြင်း IDP စခန်းမှ မန်ခိန်နှင့်ရွှေစက် ရပ်ကွက်တို့ရှိ မိမိတို့အစီအစဉ်ဖြင့် ဆောက်လုပ် ထားသည့် နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု ခြောက်စု၊ လူဦးရေ ၂၉ ဦးနှင့် သွားရောက်တွေ့ဆုံသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက သီတာ အေးနှစ်ခြင်း IDP စခန်းမှ နေရပ် ပြန်အိမ်ထောင်စု ခြောက်စု၊ လူဦး ရေ ၂၉ ဦးတို့အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ် ထောင်လျှင် ဆန်တစ်အိတ်၊ ဆီ တစ်ပိဿာနှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၇၀၂၀၀၀၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့ စရိတ်နှင့် ကယ်ဆယ်ရေး ပစ္စည်း Kit Box များ စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးငွေကျပ် ၁၁၈၇၂၉၆၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ မိသားစုသုံးကျန်းမာ ရေးပစ္စည်းများနှင့် အနွေးစောင် များကို ပေးအပ်ခဲ့ကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)